တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော် အောက်တိုဘာ  ၁၅


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင်  ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊  ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ   မြို့နယ် လေး မြို့နယ်၌ ၂၉၁၈ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ရှိ  မြို့နယ်လေးမြို့နယ်၌  ၁၄၈၀၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၆  မြို့နယ်တို့၌ ၄၃၈၀၉  ဦး၊   တနင်္သာရီတိုင်းဒေသကြီး   အတွင်းရှိ မြို့နယ်ငါးမြို့နယ်တို့၌    ၅၆၃၈ ဦး၊   ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ       မြို့နယ်ခြောက်မြို့နယ်တို့၌ ၅၉၆၀ ၊   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ   မြို့နယ် ၂၆မြို့နယ်တို့၌ ၃၂၁၀၃ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တို့၌ ၅၀၆၀၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ကလေးမြို့နယ်၌ ၄၅၀၀ ၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ    ခရိုင်ခုနစ်ခရိုင်၌ ၅၄၂၄၈ ဦးနှင့် ပဲခူးတိုင်း ဒေသကြီး     ထန်းတပင်မြို့နှင့်    ပေါင်းတည်မြို့တို့၌ ၁၀၂၇ ဦးတို့ကို    တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ   ဆရာဝန်များ၊   သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


ယင်းသို့         ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ကြကြောင်း သတင်းရရှိသည်။          

သတင်းစဉ်