တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ


 

နေပြည်တော်  စက်တင်ဘာ  ၂၇


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေး  ထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင် သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့်  ကိုဗစ်- ၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို   တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း များကို     အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊ သာသနာ့နွယ် ဝင်သီလရှင်များ၊   ဘာသာရေး ခေါင်းဆောင်များ  အပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၅၅ နှစ်နှင့်အထက်  ဒေသခံပြည်သူ များ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာ ရှည်ရောဂါအခံရှိသူများ၊  ကယ် ဆယ်ရေး စခန်းများနှင့် ယာယီ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူ များစသည့်  ဦးတည်အုပ်စု  ၁၆ စု သတ်မှတ်၍   ကိုဗစ်-၁၉ ရောဂါ        ကာကွယ်ဆေးများကို    နေ့စဉ်   ထိုးနှံပေးလျက်ရှိသည်။    ယနေ့ တွင်လည်း            ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နှင့် နမ္မတူ မြို့တို့၌ ၁၅၀၆ ဦး(အပေါ်ပုံ)၊  ရှမ်း ပြည်နယ်အရှေ့ပိုင်း         မိုင်းတုံမြို့ နယ်  ခိုင်းလုံကျေးရွာရှိ  ဒေသခံ    ‘ဝ’ တိုင်းရင်းသား   ၂၁၀၀၊  မြို့နယ် ခြောက်မြို့နယ်တို့၌  ၂၀၇၃  ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တို့၌ ၁၁၈၂၈ ဦး၊ တနင်္သာရီတိုင်းဒေသ ကြီး မြိတ်မြို့နယ်နှင့် ပုလောမြို့ နယ်တို့၌ ၁၄၈၁ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ    မြို့နယ် ခြောက်မြို့နယ်တို့၌  ၅၃၅၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်တို့၌ ၁၂၉၆၁ ဦး၊ ရခိုင်ပြည်နယ်  စစ်တွေမြို့နယ် ရှိ     ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂါလီ  ၂၅၂ ဦး၊ ရခိုင်ပြည်နယ် နှင့်      ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၁  မြို့နယ်တို့၌ ၁၃၉၉၇ ဦး၊      မန္တလေးတိုင်းဒေသကြီး အတွင်းရှိ  ခရိုင်ခုနစ်ခုတို့၌ ၉၉၂၅ ဦးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ရှိ  မြို့နယ်  ခြောက်မြို့နယ်တို့၌ ၁၀၆၅၀ တို့ကို   တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်       ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ   တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ    ညှိနှိုင်း  ဆောင် ရွက်ပေးကြောင်း     သတင်းရရှိ သည်။                     သတင်းစဉ်