
နေပြည်တော် စက်တင်ဘာ ၁၅
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးနှင့် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူ ပို့ဆောင်ပေးခြင်းများနှင့် ကာကွယ် ဆေး ထိုးနှံပေးခြင်းများကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် မြောက် ပိုင်း နမ့်ဆန်မြို့ရှိ သံဃာတော် များ၊ သာသနာ့နွယ်ဝင်သီလရှင် များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၇၂ ဦးတို့ကို လည်း ကောင်း၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်မှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၁၁၀၈၁ ဦးတို့ကိုလည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး ရန်ကင်းမြို့နယ် နှင့် တာမွေမြို့နယ်တို့ရှိ သံဃာ တော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၀၇၁ ဦးတို့ကို လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ သံဃာတော်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ၊ စေတနာ့ဝန်ထမ်းများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၅၆၉၀ တို့ကိုလည်း ကောင်း၊ ရခိုင်ပြည်နယ်နှင့် ချင်း ပြည်နယ်အတွင်းရှိ မြို့နယ် ၃ မြို့နယ်မှ သံဃာတော်များ၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုက်ပွဲရှောင် ပြည်သူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၂၇၃ ဦးတို့ကိုလည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ရှိ သံဃာ တော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၂၅ ဦးတို့ကို လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ၇ ခုတို့မှ သံဃာ တော်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၀၂၉၁ ဦးတို့ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ သံဃာတော်များ၊ သာသနာ့ နွယ်ဝင် သီလရှင်များ၊ ၆၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၄၁၅၀ တို့ကို လည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းများ ဆောင် ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေ မှုများကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်