
နေပြည်တော် ဩဂုတ် ၁၉
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်အတွင်းမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူစုစုပေါင်း ၁၉၁၄ ဦးတို့ကို လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၅ မြို့နယ်အတွင်းမှ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီး များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၈၆၁ ဦးတို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ကိုးမြို့နယ်အတွင်းမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူစုစုပေါင်း ၅၃၄၆ ဦးတို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်တွင် သီတင်းသုံးနေသော သံဃာတော် အပါး ၁၇၀ အပါအဝင် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုတို့မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ စုစုပေါင်း ၁၁၆၅၇ ဦးတို့ ကိုလည်းကောင်း တပ်မတော် မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေ မှုများကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေး ကြောင်း သတင်းရရှိသည်။
သတင်းစဉ်