တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော်  စက်တင်ဘာ   ၁၂
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့်   အကျဉ်းထောင်များ၌    ပြစ်ဒဏ် ကျခံနေသည့်    အကျဉ်းသား၊    အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော်လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ် ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်လျက်ရှိသည်။
ထိုသို့  ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင်  ရှမ်း ပြည်နယ် (အရှေ့ပိုင်း)       တာချီလိတ်မြို့အတွင်းရှိ ၆၅ နှစ်နှင့်အထက်    သက်ကြီးဘိုးဘွားများ၊    ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၂၂၈ ဦး တို့ကိုလည်းကောင်း၊    ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ သံဃာတော် များ၊  သာသနာ့နွယ်ဝင်သီလရှင်များ၊   ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၁၄၇ ဦးတို့ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀မြို့နယ် မှ သံဃာတော်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊   စေတနာ့ဝန်ထမ်းများ၊  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၂၄၈၇ ဦးတို့ကို လည်းကောင်း၊   ရခိုင်ပြည်နယ်နှင့်   ချင်းပြည်နယ် အတွင်းရှိ   မြို့နယ် ခြောက်မြို့နယ်မှ  သံဃာတော် များ၊  စေတနာ့ဝန်ထမ်းများ၊   ဌာနဆိုင်ရာဝန်ထမ်း များ၊  တိုက်ပွဲရှောင်ပြည်သူများနှင့်  ဒေသခံပြည်သူ စုစုပေါင်း ၁၉၀၉ ဦးတို့ကို လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ    မြို့နယ် သုံးမြို့နယ်မှ သံဃာတော်များ၊   သာသနာ့နွယ်ဝင်သီလရှင်များ၊ ၆၅ နှစ်နှင့်အထက်    သက်ကြီးဘိုးဘွားများ၊   ဌာန ဆိုင်ရာဝန်ထမ်းများနှင့်    ပြည်သူစုစုပေါင်း  ၁၃၂၀ တို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ  ခရိုင်ခုနစ်ခုတို့မှ   သံဃာတော်များ၊   ၆၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၉၆၂၀ တို့ကိုလည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊  သက်ဆိုင်ရာ  ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာ  တိုင်းစစ်ဌာနချုပ်များမှ    တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး  လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း    သတင်းရရှိ သည်။                                              

 သတင်းစဉ်