
နေပြည်တော် စက်တင်ဘာ ၁၁
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံ နေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော်လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ် ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ မြို့နယ် သုံးမြို့နယ်မှ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၃၆၂ ဦးတို့ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသ ကြီး ပလောက်မြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၆၉ ဦးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့ သစ် (ဆိပ်ကမ်း)မြို့နယ်များအတွင်းရှိ သံဃာတော် များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၇၂၉ ဦးတို့ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ မြို့ နယ်မှ သံဃာတော်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၄၆၅၂ ဦးတို့ကို လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း ရှိ ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂါလီလူမျိုး ၂၄၂ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်မှ သံဃာတော်များ၊ စေတနာ့ဝန်ထမ်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုက်ပွဲရှောင်ပြည်သူ များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၄၁၅၅ ဦးတို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ်မှ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၅၀၈ ဦးတို့ကိုလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတို့မှ သံဃာ တော်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၉၅၄၂ ဦးတို့ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်လေးမြို့နယ်မှ သံဃာတော်များ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၂၃၆၀ တို့ကိုလည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်