တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော် စက်တင်ဘာ  ၉


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးရှိ    ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ  အပါအဝင် လူမျိုးမရွေး၊  ဘာသာမရွေး အသက် ၆၅   နှစ်နှင့်အထက်    သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌   ပြစ်ဒဏ် ကျခံနေသည့်      အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အတွက် ဆေးနှင့် ဆေးပစ္စည်းများ ကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်         ရှမ်းပြည်နယ် (မြောက်ပိုင်း)     ကျောက်မဲမြို့ အတွင်းရှိ  ၆၅  နှစ်နှင့်အထက်  သက်ကြီးဘိုးဘွားများ၊     ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း    ၆၄   ဦးတို့အား  လည်း ကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် လေးမြို့နယ်မှ ၆၅   နှစ်နှင့်အထက်   သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူ စုစုပေါင်း ၂၃၈၃ ဦးတို့အား လည်းကောင်း၊တနင်္သာရီ တိုင်းဒေသကြီး    ကော့သောင်း မြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့် အထက်  သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ     ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း   ၃၆၃  ဦးတို့အား လည်းကောင်း၊    ရန်ကုန်တိုင်း ဒေသကြီး   တောင်ဥက္ကလာပမြို့ နယ်နှင့်   ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်များအတွင်းရှိ ၆၅ နှစ်နှင့် အထက်   သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ   ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း  ၈၀၅ ဦးတို့အား လည်းကောင်း၊     ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ   မြို့နယ်  ၁၃ မြို့နယ်မှ သံဃာတော်များ၊ ၆၅နှစ်  နှင့်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၄၀၈၉ ဦးတို့အား လည်းကောင်း၊ ရခိုင်ပြည်နယ်    စစ်တွေမြို့နယ် အတွင်းရှိ     ကယ်ဆယ်ရေးစခန်း များမှ ဘင်္ဂါလီလူမျိုး ၈၁၂ ဦး(ဝဲပုံ)၊ ရခိုင်ပြည်နယ်နှင့်  ချင်းပြည်နယ် အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်မှ သံဃာတော်များ၊      စေတနာ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ တိုက်ပွဲရှောင်ပြည်သူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၄၂၅၈ ဦးတို့အား လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ   ခရိုင် ခုနစ်ခုတို့မှ     သံဃာတော်များ၊ ၆၅  နှစ်နှင့်အထက်  သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၈၂၃၇ ဦးတို့အား လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ    မြို့နယ်  ငါးမြို့နယ်မှ    သံဃာတော်များ၊ ၆၅  နှစ်နှင့်အထက်  သက်ကြီး ဘိုးဘွားများ၊       ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၅၂၆ ဦးတို့အား လည်းကောင်း တပ်မတော်မှ   ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ      ကျန်းမာရေး ဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်း များနှင့်  ပူးပေါင်း၍  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးသည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ    တာဝန်ရှိသူများက သွားရောက်  ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။              


သတင်းစဉ်