တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ


 

နေပြည်တော် စက်တင်ဘာ  ၇


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးရှိ   ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊     ဘာသာမရွေး အသက်     ၆၅   နှစ်နှင့်အထက် သက်ကြီး  ဘိုးဘွားများ၊  ဌာန ဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်း  သား  ပြည်သူများနှင့်   အကျဉ်း ထောင်များ၌   ပြစ်ဒဏ်ကျခံနေ သည့် အကျဉ်းသား၊ အကျဉ်းသူ များအား  ကိုဗစ်- ၁၉  ရောဂါ ကာကွယ်ဆေး   ထိုးနှံနိုင်ရေး အတွက် ဆေးနှင့်ဆေးပစ္စည်းများ ကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။
ကာကွယ်ဆေး ထိုးနှံပေး
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်     ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊ ၆၅ နှစ်နှင့်အထက်  သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူ စုစုပေါင်း ၂၁၅ ဦး တို့ကိုလည်းကောင်း၊   ရှမ်းပြည် နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် ငါးမြို့နယ်မှ အသက်၆၅ နှစ်နှင့် အထက်    သက်ကြီးဘိုးဘွားများ၊   ဌာနဆိုင်ရာ  ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၂၄၆၉ ဦးတို့ကို လည်းကောင်း၊  တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ    မြို့နယ် သုံးမြို့နယ်မှ  ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ၊    ဌာနဆိုင်ရာဝန်ထမ်းများနှင့်  ပြည်သူ စုစုပေါင်း   ၁၅၉၁  ဦးတို့ ကို လည်းကောင်း၊   ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ    မြို့နယ် သုံးမြို့နယ်မှ အသက်၆၅ နှစ်နှင့် အထက်  သက်ကြီးဘိုးဘွားများ၊   ဌာနဆိုင်ရာ   ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၆၉၅ ဦးတို့ကို လည်းကောင်း၊   ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ  မြို့နယ် ၂၀မှ သံဃာတော်များ၊ အသက် ၆၅  နှစ် နှင့်အထက်  သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၇၁၆၇  ဦးတို့ကို  လည်းကောင်း၊ ရခိုင်ပြည်နယ်   စစ်တွေမြို့နယ် အတွင်းရှိ   ကယ်ဆယ်ရေးစခန်း များမှ ဘင်္ဂါလီလူမျိုး ၈၇၄ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်မှ သံဃာတော်များ၊      စေတနာ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ တိုက်ပွဲရှောင်ပြည်သူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၅၀၅၉ ဦးတို့ကိုလည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့်   မကွေးတိုင်း ဒေသကြီးအတွင်းရှိ    မြို့နယ် ခြောက်မြို့နယ်မှ သံဃာတော်များ၊ ဌာနဆိုင်ရာ    ဝန်ထမ်းများနှင့် ဒေသခံပြည်သူစုစုပေါင်း ၄၆၆၉ ဦးတို့ကိုလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ    ခရိုင် ခုနစ်ခုတို့မှ ထေရ်ကြီးဝါကြီး ဆရာ တော်ကြီးများ၊ အသက်၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊   ဌာနဆိုင်ရာ   ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၈၉၃၂ ဦးတို့ကို လည်းကောင်း တပ်မတော်မှ ဆေး အဖွဲ့များက     ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊     သက်ဆိုင်ရာ ကျန်းမာရေး     ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ   ကာကွယ် ဆေးထိုးနှံပေးခြင်းများ   ဆောင် ရွက်ပေးသည်။
ကြည့်ရှုအားပေး
ယင်းသို့  ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ    တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ    ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း   သတင်း ရရှိသည်။                 သတင်းစဉ်