တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  ဇန်နဝါရီ    ၁၈


တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆  မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၃၂၅ ဦးနှင့်   မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ  ခရိုင်  ခုနစ်ခုတို့၌ ဒေသခံပြည်သူ  ၂၂၈၂၀  တို့ကို တပ်မတော်မှဆေးအဖွဲ့များက   ပြည်သူ့ဆေးရုံများမှ   ဆရာဝန်များ၊ သက်ဆိုင်ရာ    ကျန်းမာရေးဝန်ထမ်းများ၊    စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသည်။

 


ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ  ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၃၆၉ ဦး၊ ရခိုင်ပြည်နယ် အမ်းမြို့၌ ကျောင်းသား ကျောင်းသူ ၆၆၄ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ခရိုင် ခုနစ်ခုတို့၌ ကျောင်းသား ကျောင်းသူ   ၂၆၂၃၁ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက  ပြည်သူ့ ဆေးရုံများမှ  ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး    ထိုးနှံ ပေးသည်။

 


ယင်းသို့  ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ   ဒုတိယတိုင်းမှူးများနှင့်  တာဝန်ရှိသူများက  သွားရောက် ကြည့်ရှုအားပေးပြီး   လိုအပ်သည်များ   ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

                  

သတင်းစဉ်