
နေပြည်တော် နိုဝင်ဘာ ၂၉
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်လျက် ရှိရာ ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်၌ ဒေသခံပြည်သူ ၁၁၀ ၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၀၉၉ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခုနစ်ခုတို့မှ ဒေသခံပြည်သူ ၁၉၉၉ ဦးနှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူ မြို့နယ်၌ ဒေသခံပြည်သူ ၈၉ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့များ က ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး သည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်း သား ကျောင်းသူ ၄၆၄ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုတို့၌ ကျောင်းသား ကျောင်းသူ ၃၁၄ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး သည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရာတွင် အထောက်အကူ ဖြစ်စေရန် အတွက် နှာခေါင်းစည်းများကို ပြည်သူများ လက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်နှင့် ရခိုင် ပြည်နယ် အမ်းမြို့တို့ရှိ စာသင် ကျောင်းများ၊ ဈေးများ၊ လမ်းများ၊ မြို့အဝင်ဂိတ်များနှင့် လူစည် ကားရာ နေရာများတွင် နယ်မြေခံ တပ်မတော်သားများက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာ ပေးဆောင်ရွက်ခြင်း၊ နှာခေါင်း စည်းများ တပ်ဆင်ပြီး သွားလာ ကြရန် လှုံ့ဆော်ခြင်းနှင့် နှာခေါင်း စည်းများအား ဒေသခံပြည်သူများ လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းခဲ့ကြသည်။
အလားတူ ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဝက်ထိုးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ကျောင်းသား ကျောင်းသူများ အပါအဝင် ဒေသခံ ပြည်သူ ၃၁၁ ဦးတို့ကို ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ဝက်ထိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ခွဲစိတ် ကုသမှုဆိုင်ရာ ရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ အရိုး/အကြော ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက် ၍ လိုအပ်သည့် ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်