တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  စက်တင်ဘာ  ၁၄


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုး မရွေး  ဘာသာမရွေး  ဒေသခံပြည်သူများ၊  အကျဉ်းသား၊ အကျဉ်းသူ များ၊   မသန်စွမ်းသူများ၊    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊    ကယ်ဆယ်ရေးစခန်းများ၊   ယာယီ တိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်ငါးနှစ်မှ ၁၂ နှစ် အထက် အခြေခံပညာ  မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား   ကျောင်းသူများစသည့်   ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ  ဆေးအဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ   ဆရာဝန်များ၊ သူနာပြုများ၊   ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်၌    ဒေသခံပြည်သူ    ၂၅၀၊   ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ    မြို့နယ်  ၂၆   မြို့နယ်၌   ဒေသခံပြည်သူ    ၃၁၁၁၂  ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်  သုံးမြို့နယ်၌  ဒေသခံပြည်သူ ၁၇၁၄ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ခရိုင် ခုနစ်ခရိုင်၌  ဒေသခံပြည်သူ ၁၃၅၀၆ ဦးနှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ ဒေသခံပြည်သူ ၁၀၈ ဦး တို့ကို  တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။

 


ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ  ထိုးနှံပေးလျက်ရှိရာ  ယနေ့တွင်   ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ  မြို့နယ် ၂၆  မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၂၇၀၁ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ  မြို့နယ် ငါးမြို့နယ်၌  ကျောင်းသား ကျောင်းသူ ၃၂၁၈ ဦးနှင့်   မန္တလေးတိုင်းဒေသကြီးအတွင်းရှိ    ခရိုင် ခုနစ်ခရိုင်၌  ကျောင်းသား ကျောင်းသူ  ၈၈၈  ဦးတို့ကို  တပ်မတော်မှ ဆေးအဖွဲ့များက    ပြည်သူ့ဆေးရုံများမှဆရာဝန်များ၊    သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ  တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ထို့ပြင်  ကိုဗစ်-၁၉  ရောဂါ  ထိန်းချုပ်ကာကွယ်ရာတွင် အထောက် အကူဖြစ်စေရန်အတွက် နှာခေါင်းစည်းများကို ပြည်သူများလက်ဝယ် အရောက် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိရာ    ယနေ့တွင်    နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှိ   မြို့နယ် ရှစ်မြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီး  ခရိုင်များအတွင်းရှိ  မြို့နယ် ၄၅ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် ပန်းတနော် မြို့တို့ရှိ  ဈေးများ၊  လမ်းများ၊  မြို့အဝင်ဂိတ်များနှင့် လူစည်ကားရာ နေရာများတွင်  နယ်မြေခံတပ်မတော်သားများက  ဌာနဆိုင်ရာဝန်ထမ်း များ၊ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်   အသိပညာပေးဆောင်ရွက်ခြင်း၊    ဈေးဝယ်စင်တာ များ၊  ဆိပ်ကမ်းများနှင့်    လူသွားလူလာများပြားသည့် နေရာများတွင် LED ကြော်ငြာဘုတ်များဖြင့် ကိုဗစ်- ၁၉  ရောဂါနှင့်ပတ်သက်၍ အသိ ပညာပေးခြင်း၊နှာခေါင်းစည်းတပ်ဆင်၍ သွားလာကြရန် လှုံ့ဆော်ခြင်းနှင့် နှာခေါင်းစည်းများကို ဒေသခံပြည်သူများ လက်ဝယ်အရောက် အခမဲ့ ပေးဝေလှူဒါန်းကြောင်း သတင်းရရှိသည်။                                        

သတင်းစဉ်