တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဩဂုတ်   ၁၀


ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည်  အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့်    တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး  အသက် ၄၀ အထက် ဒေသခံပြည်သူများ၊  အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထက် အခြေခံ ပညာမူလတန်း၊  အလယ်တန်းနှင့်    အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူများစသည့်  ဦးတည် အုပ်စုများသတ်မှတ်၍   တပ်မတော်မှ  ဆေးအဖွဲ့ များ၊  ပြည်သူ့ဆေးရုံများမှ  ဆရာဝန်များ၊ သူနာပြု များ၊     ကျန်းမာရေးဝန်ထမ်းများနှင့်     စေတနာ့ ဝန်ထမ်းများက     ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို  အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက် ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး  တာမွေမြို့နယ်၌  ဒေသခံပြည်သူ ၈၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌   ဒေသခံပြည်သူ ၇၂၈၈ ဦး၊  ရခိုင် ပြည်နယ်အတွင်းရှိ  မြို့နယ်ခုနစ်မြို့နယ်တို့၌ ဒေသခံ ပြည်သူ  ၁၄၆၂   ဦးနှင့်     မန္တလေးတိုင်းဒေသကြီး အတွင်းရှိ  ခရိုင်ခုနစ်ခုတို့မှ ဒေသခံပြည်သူ ၉၈၁၅ဦး တို့ကို တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ  ဆရာဝန်များ၊   သက်ဆိုင်ရာ  ကျန်းမာရေး ဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

 


ထို့အတူ       ကျောင်းသား  ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ     မြို့နယ်  ၂၆  မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၈၃၇၆ ဦး၊ ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် ကျောက်ဖြူ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၃၇၆ ဦး နှင့်      မန္တလေးတိုင်းဒေသကြီးအတွင်းရှိ   ခရိုင်ခုနစ်ခုတို့၌ ကျောင်းသား ကျောင်းသူ      ၂၂၃၅၅   ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများနှင့်   ပူးပေါင်း၍    ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ      ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။    


သတင်းစဉ်