တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်    ဇူလိုင်    ၂၁


တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီးတို့၌   သံဃာတော်များ၊ သာသနာ့နွယ်ဝင်   သီလရှင်များ၊ ဘာသာရေး    ခေါင်းဆောင်များ အပါအဝင်  လူမျိုးမရွေး ဘာသာ မရွေး    အသက်   ၄၀    အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသား      လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်   စခန်းများ အတွင်းရှိ   ပြည်သူများ၊   အသက် ၅    နှစ်မှ    ၁၂    နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ် တန်းနှင့်     အထက်တန်းအဆင့် ကျောင်းသား၊   ကျောင်းသူများ စသည့်        ဦးတည်အုပ်စုများ သတ်မှတ်၍        တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများ မှ    ဆရာဝန်များ၊     သူနာပြုများ၊ ကျန်းမာရေး     ဝန်ထမ်းများနှင့် စေတနာ့           ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို    ဆောင်ရွက်ပေးလျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင်   ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ     မြို့နယ်   ၂၆ မြို့နယ်တို့၌     ဒေသခံပြည်သူ ၁၈၄၂၇   ဦး၊   ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့၌ ဒေသခံပြည်သူ ၇၅၄၂ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ    ခရိုင်    ခုနစ်ခုတို့မှ ဒေသခံပြည်သူ  ၃၄၂၉  ဦး၊  ပဲခူး တိုင်းဒေသကြီး    တောင်ငူမြို့နှင့် ပဲခူးမြို့နယ်တို့၌   ဒေသခံပြည်သူ ၈၉၆  ဦးတို့ကို    တပ်မတော်မှ ဆေးအဖွဲ့များက   ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး     ဝန်ထမ်းများ၊ စေတနာ့            ဝန်ထမ်းများနှင့် ပူးပေါင်း၍        ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။

 


ထို့အတူ        ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉   ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ  ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်  ၂၆ မြို့နယ်တို့၌ ကျောင်း သား ကျောင်းသူ ၁၁၂၉၄ ဦး၊ ရခိုင် ပြည်နယ်နှင့်     ချင်းပြည်နယ် အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၉၅၁၆ ဦးနှင့်      မန္တလေးတိုင်းဒေသကြီး အတွင်းရှိ    ခရိုင်     ခုနစ်ခုတို့မှ ကျောင်းသား ကျောင်းသူ ၆၇၆၇ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက         ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊       သက်ဆိုင်ရာ ကျန်းမာရေး          ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည်။

 


ယင်းသို့  ဆောင်ရွက်ပေးနေမှု များကို  သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိ သူများက    သွားရောက်ကြည့်ရှု အားပေးပြီး    လိုအပ်သည်များ ညှိနှိုင်း     ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


 သတင်းစဉ်