တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  ဇူလိုင်  ၁၅


တိုင်းဒေသကြီးနှင့်       ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်   သီလရှင်များ၊ ဘာသာရေး   ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး   အသက်   ၄၀  အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊  မသန်စွမ်းသူများ၊  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ၊  နာတာရှည်ရောဂါအခံရှိသူ များ၊   ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၂) နှစ်အထက်  အခြေခံ ပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့်  ဦးတည် အုပ်စုများ          သတ်မှတ်၍ တပ်မတော်မှ   ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊          ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များက  ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို    ဆောင်ရွက်ပေး လျက်ရှိသည်။

 


ကာကွယ်ဆေးထိုးနှံ


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ် တို့၌ ဒေသခံပြည်သူ ၇၅၅၈ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ  မြို့နယ် ခြောက်မြို့နယ် တို့၌  ဒေသခံပြည်သူ ၂၀၇၃ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတို့၌ ဒေသခံပြည်သူ ၃၁၆၁၇ ဦးနှင့်  ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူ ၈၈ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက  ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး          ဝန်ထမ်းများ၊ စေတနာ့            ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။

 


ထို့အတူ          ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉   ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ  ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်း သား ကျောင်းသူ ၃၀၉၇၇ ဦး၊ ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း ရှိ   မြို့နယ်  ၁၄   မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၇၇၅၂ဦး နှင့်   မန္တလေးတိုင်းဒေသကြီး အတွင်းရှိ    ခရိုင်   ခုနစ်ခုတို့၌ ကျောင်းသား ကျောင်းသူ ၇၇၉၃ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက       ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊         သက်ဆိုင်ရာ ကျန်းမာရေး            ဝန်ထမ်းများ၊ စေတနာ့           ဝန်ထမ်းများနှင့် ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။

 


ညှိနှိုင်းဆောင်ရွက်ပေး


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိ သူများက   သွားရောက်ကြည့်ရှု အားပေးပြီး              လိုအပ်သည်များ ညှိနှိုင်း           ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်