တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

 

နေပြည်တော်  ဩဂုတ်  ၃၁


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌  ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့်သယ်ယူ ပို့ဆောင်ပေးခြင်းများနှင့်  ကာကွယ်ဆေးထိုးနှံပေးခြင်းများကို  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့    ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ  မြို့နယ်ပေါင်း ခုနစ်မြို့နယ်မှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊  အသက်  ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊  စေတနာ့ဝန်ထမ်းများ၊   ဌာနဆိုင်ရာ များနှင့်   ဒေသခံပြည်သူ   စုစုပေါင်း  ၂၄၅၉  ဦးကို လည်းကောင်း၊    မွန်ပြည်နယ်အတွင်းရှိ     မြို့နယ်  ၁၀ မြို့နယ်မှ   သံဃာတော်များ၊   သာသနာ့နွယ်ဝင် သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊   ဌာနဆိုင်ရာဝန်ထမ်းများနှင့်  ပြည်သူ စုစုပေါင်း ၆၅၆၀  တို့ကို လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး    တာမွေမြို့နယ်နှင့်    မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ သံဃာတော်များ၊ အသက် ၆၅ နှစ် နှင့်အထက်   သက်ကြီးဘိုးဘွားများ၊   ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်  ပြည်သူစုစုပေါင်း ၈၇၇ ဦးတို့ကို လည်းကောင်း၊    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်   ၁၆  မြို့နယ်အတွင်းမှ  ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၄၂၇၈ ဦး တို့ကို     လည်းကောင်း၊   ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်အတွင်းမှ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၆၅၅၄ ဦး၊ စစ်တွေမြို့နယ် နှင့် ပေါက်တောမြို့နယ်တို့ရှိ ကယ်ဆယ်ရေးစခန်း များမှ ဘင်္ဂါလီလူမျိုး ၁၁၅၆ ဦးတို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နှင့် မုံရွာမြို့နယ် အတွင်းရှိ   ထေရ်ကြီးဝါကြီး  ဆရာတော်ကြီးများ၊ အသက် ၆၅ နှစ်နှင့်အထက်   သက်ကြီးဘိုးဘွားများ၊   ဌာနဆိုင်ရာဝန်ထမ်းများနှင့်      ပြည်သူစုစုပေါင်း ၈၉၅ ဦးတို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခုနစ်ခုတို့မှ ထေရ်ကြီးဝါကြီး ဆရာ တော်ကြီးများ၊ အသက် ၆၅ နှစ်နှင့်အထက်  သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၇၃၃၁ ဦးတို့ကို လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ  မြို့နယ် ၁၂ မြို့နယ်မှ သံဃာ တော်များ၊  အသက် ၆၅ နှစ်နှင့်အထက်  သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၅၆၆၃ ဦးတို့ကို လည်းကောင်း တပ်မတော် မှ ဆေးအဖွဲ့များက  ပြည်သူ့ဆေးရုံများမှ  ဆရာဝန် များ၊သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်    ပူးပေါင်း၍   ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာ     တိုင်းစစ်ဌာနချုပ်များမှ    တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး    လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း    သတင်းရရှိ သည်။                                               သတင်းစဉ်