
နေပြည်တော် ဩဂုတ် ၁၄
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူစုစုပေါင်း ၂၇၁၄ ဦးကို လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ် မြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်များအတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၅၃၈ ဦးကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ်ရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၁၅၀ တို့ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ်မှ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၃၃၄၂ ဦးတို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ကနီမြို့နှင့် တန့်ဆည်မြို့များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၁၁၄၁ ဦးတို့ကိုလည်းကောင်း(ယာပုံ)၊ မန္တလေးတိုင်းဒေသကြီး အတွင်း ခရိုင်ခုနစ်ခုရှိ မြို့နယ်များမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူစုစုပေါင်း ၈၁၀၇ ဦးတို့ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သံဃာ တော်များ၊ သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၂၂၆ ဦးတို့ကိုလည်း ကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်