တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

 

နေပြည်တော် စက်တင်ဘာ   ၂၄


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည်  အဓိကအခန်းကဏ္ဍတွင် ပါဝင် သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော  ကြောင့်   ကိုဗစ်- ၁၉    ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို    တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း များကို    အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊       သာသနာ့ နွယ်ဝင်သီလရှင်များ၊  ဘာသာ ရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၅၅ နှစ်အထက် ဒေသခံပြည်သူ များ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာ ရှည်ရောဂါအခံရှိသူများ၊   ကယ် ဆယ်ရေးစခန်းများနှင့်  ယာယီ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူ များစသည့်  ဦးတည်အုပ်စု ၁၆ စု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများကို    နေ့စဉ်   ထိုးနှံပေးလျက်ရှိသည်။ စက်တင် ဘာ ၂၃ ရက်နှင့်  ယနေ့တွင်လည်း    ရှမ်းပြည်နယ်    (မြောက်ပိုင်း) ကျောက်မဲမြို့နှင့်  သီပေါမြို့တို့၌ ၈၄၉ ဦး၊    ရှမ်း ပြည်နယ်(အရှေ့ပိုင်း)  မိုင်းတုံမြို့နယ်  ဟွေအောကျေးရွာ ရှိ  ဒေသခံ ‘ ဝ ’တိုင်းရင်းသား ၆၄၀၆ ဦး၊  မြို့နယ်လေးမြို့နယ်တို့၌ ၂၈၆၁ ဦး၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ မြို့နယ်   ၁၅  မြို့နယ်၌ ၁၅၈၇၈၂ ဦး၊ တနင်္သာ ရီတိုင်းဒေသကြီး မြိတ်မြို့နယ်နှင့် ပလောက်မြို့နယ်တို့၌  ၂၆၆၀ ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်တို့၌ ၇၅၅၂ဦး၊    ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်တို့ ၌ ၁၄၃၇၅ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည် နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ် တို့၌   ၂၄၁၃၃ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီးမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် ဟုမ္မလင်း မြို့နယ်တို့၌ ၂၄၉၅ ဦး၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုတို့၌ ၁၀၁၀၃  ဦးနှင့် ပဲခူး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တို့၌ ၁၄၅၅၀  တို့ကို တပ်မတော်မှ  ဆေးအဖွဲ့များက   ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊      သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊    စေတနာ့ဝန်ထမ်းများနှင့်  ပူးပေါင်း၍ ကိုဗစ်- ၁၉  ရောဂါ ကာကွယ်ဆေး   ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ      တိုင်းမှူးများနှင့် တာဝန်ရှိသူများက  သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည် များ   ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်