တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

 

နေပြည်တော်   စက်တင်ဘာ   ၁၃


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံ နေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉   ရောဂါ   ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ် ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်မှ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ၆၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများ(ယာပုံ)၊ ဌာနဆိုင် ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၅၉၉ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့ နယ်မှ သံဃာတော်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊  စေတနာ့ဝန်ထမ်းများ၊   ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၃၃၉၇ ဦး၊ ရခိုင် ပြည်နယ်နှင့်   ချင်းပြည်နယ်အတွင်းရှိ   မြို့နယ် လေးမြို့နယ်မှ သံဃာတော်များ၊ စေတနာ့ဝန်ထမ်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုက်ပွဲရှောင်ပြည်သူ များနှင့်   ဒေသခံပြည်သူ   စုစုပေါင်း    ၁၅၀၃  ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး  ကလေးမြို့နယ်နှင့်   နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တို့ရှိ   သံဃာ တော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၈၆၃ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတို့မှ သံဃာတော်များ၊ ၆၅  နှစ်နှင့်အထက်  သက်ကြီးဘိုးဘွားများ၊   ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၀၅၂၇ ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ငါးမြို့နယ်မှ   သံဃာတော်များ၊    သာသနာ့နွယ်ဝင်သီလရှင်များ၊  ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊   ဌာန ဆိုင်ရာဝန်ထမ်းများနှင့်  ပြည်သူစုစုပေါင်း  ၂၀၈၀ တို့အား  တပ်မတော်မှ   ဆေးအဖွဲ့များက  ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး    လိုအပ်သည်များ     ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်