တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

 

ဆီဆိုင်  
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌  (၇၅)နှစ်မြောက်    အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ နှင့် စာအုပ်စာစောင်များခင်းကျင်းပြခြင်းကို ဇူလိုင် ၁၈ ရက်က ပြုလုပ် သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးယုက အာဇာနည်နေ့အကြောင်း သိကောင်း စရာများနှင့် အာဇာနည်ခေါင်းဆောင် ကိုးဦး၏ အတ္ထုပ္ပတ္တိသမိုင်းကြောင်း များကို  ရှင်းလင်းပြောကြားသည်။ ဆက်လက်၍  ဇူလိုင် ၁၃ ရက်က လူထုအခြေပြုဗဟိုဌာန၌ အာဇာနည်နေ့အထိမ်းအမှတ် အကြိုမူလတန်း အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင်  ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်သည်။                           
မျိုးမြတ်(ဆီဆိုင်)

 

အောင်လံ
မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်အကြို ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ဇူလိုင် ၁၈ ရက်က ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမျိုးသိန်းက  ပြိုင်ပွဲကျင်းပရခြင်း  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများက “၁၉ ဇူလိုင် မမေ့နိုင်” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား   ဂုဏ်ပြုမှတ်တမ်းလွှာနှင့်   ဂုဏ်ပြုဆုများ ပေးအပ်သည်။
ထို့နောက်  ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိများ၊ စာအုပ်စာစောင် များကို ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့သည်။                                                

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)

 

ရေဦး    
ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို ဇူလိုင် ၁၈ ရက်က စစ်ကိုင်းတိုင်းဒေသ ကြီး ရေဦးမြို့နယ်  အထက(၁) ကံ့ကော်ဆောင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးရဲနောင်ချစ်က ကျောင်းသား ကျောင်းသူများအား အာဇာနည် နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်စိတ်ဓာတ် အာဇာနည်ခေါင်းဆောင်ကြီး များ၏ ကိုယ်ကျိုးစွန့်အနစ်အနာခံပုံများ၊ လူငယ်များ   စာဖတ်ရှိန်မြှင့်တင် ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဦးစီးမှူး  ဒေါ်ခင်ဆွေဝင်းက   စာကြည့်တိုက် မိတ်ဆက် စကားပြောကြားပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ်အဖြစ် ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မောင်အေးချမ်း
 

 

သာစည်
မန္တလေးတိုင်းဒေသကြီး   သာစည်မြို့နယ်တွင်   (၇၅) နှစ်မြောက်  အာဇာနည်နေ့အထိမ်းအမှတ် ပြုလုပ်သော အခြေခံပညာအထက်တန်း နှင့်  အလယ်တန်းအဆင့်   စာစီစာကုံးပြိုင်ပွဲတွင်   ဆုရရှိသူများအား       ဆုချီးမြှင့်ပွဲကို     ဇူလိုင် ၁၈ ရက်က   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်း သိရ သည်။    
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူး ဒေါ်သင်းသင်းက ဆုရွေးချယ်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်  ဆုချီးမြှင့်ပွဲကိုပြုလုပ်ရာ    မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်နှင့် တာဝန်ရှိသူ များအား ပထမ၊  ဒုတိယနှင့်   တတိယဆုရရှိသူများကို   ဆုများပေးအပ် ချီးမြှင့်သည်။ဆုချီးမြှင့်ရာတွင် ပထမဆုငွေကျပ် နှစ်သောင်းနှင့် ဆုရ ဂုဏ်ပြုလွှာ၊ ဒုတိယဆုငွေကျပ် ၁၅၀၀၀ နှင့် ဆုရဂုဏ်ပြုလွှာ၊ တတိယ ဆုငွေကျပ် ၁၀၀၀၀ နှင့်  ဆုရဂုဏ်ပြုလွှာတို့   ချီးမြှင့်ကြောင်းသိရပြီး ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်များ လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။                                     
မြို့နယ် (ပြန်/ဆက်)

 

အမ်း
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အမ်းမြို့နယ်ရုံး လူထု အခြေပြုဗဟိုဌာနခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင် ၁၈ ရက်က ကျင်းပသည်။ 
ရှေးဦးစွာ  ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီး အရာရှိ  ဦးစန်းဝင်းက  စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။  ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား သုတ၊ ရသစာအုပ်စာစောင်များ ခင်းကျင်းပြသထား မှုနှင့် ( ၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား ကျောင်းသူများက စိတ်ပါဝင် စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။     
  မြို့နယ် (ပြန်/ဆက်)

 

နမ္မတူ 
ရှမ်းပြည်နယ်မြောက်ပိုင်း   နမ္မတူမြို့နယ်တွင်    (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို ဇူလိုင် ၁၈ ရက်က အမှတ် (၉)အခြေခံပညာမူလတန်းကျောင်း ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အမှတ် (၉)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခိုင်ဇင်နွယ်ဦးက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်း အဆင့် စာစီစာကုံးပြိုင်ပွဲကို  “အာဇာနည်နေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲကို  အာဇာနည်နေ့အထိမ်းအမှတ် စိတ်ကြိုက်ကဗျာများဖြင့်လည်းကောင်း  ကျင်းပခဲ့ရာ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၀ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထူးချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။                                                    
လူမော် (ပြန်/ဆက်)

 

အိမ်မဲ
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အထက(၁)အိမ်မဲ ရွေညီလာခန်းမ တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်ရက်များအကြောင်းကိုသိရှိပြီး  အလေး အမြတ်ထားတတ်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက်အာဇာနည်နေ့‌ဟောပြောပွဲနှင့်အထက်တန်းအဆင့်  ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင်  ၁၉ ရက်က ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အထက(၁)အိမ်မဲကျောင်းအုပ် ဆရာကြီးဦးမောင်မောင်စိုး က အမှာစကားပြောကြား၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်   အာဇာနည် ခေါင်းဆောင်ကြီး ကိုးဦးတို့အကြောင်း ဟောပြောခဲ့ပြီး အလယ်တန်းပြ ဆရာမ  ဒေါ်ဝေဝေခိုင်က ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို ရှင်းလင်းဟောပြောသည်။
ဆက်လက်၍  (၇၅)နှစ်မြောက်   အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင် ‌ဆုရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ် ခဲ့ကြောင်း သိရသည်။                                   
   မြို့နယ် (ပြန်/ဆက်)

 

မော်လမြိုင်
မော်လမြိုင်ခရိုင်   ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  အား/ကာနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မော်လမြိုင်မြို့အားကစားနှင့် ပညာရေးပေါင်းစပ်  အထက်တန်းကျောင်းတွင်   (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ နှင့် နံရံကပ်စာစောင်ပြသခြင်းအခမ်းအနားကို ဇူလိုင် ၁၈ ရက်က အဆိုပါကျောင်းခန်းမဆောင်၌  ကျင်းပသည်။ 
ရှေးဦးစွာ  အားကစားနှင့် ပညာရေးပေါင်းစပ် အထက်တန်း ကျောင်း ကျောင်းအုပ် ဆရာမကြီး  ဒေါ်နီနီဝင်းက   အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က  အာဇာနည်နေ့   ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းလင်းဟောပြောခြင်း၊ အထက်တန်းဆရာမဒေါ်ညွန့်မေကအာဇာနည်၏ အဓိပ္ပာယ်၊ အာဇာနည်နှင့် ပတ်သက်သည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။                                          
 ခရိုင် (ပြန်/ဆက်)