
နေပြည်တော် ဖေဖော်ဝါရီ ၁၃
၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် တိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ တိုင်းရင်း သားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ သွားရောက်၍ မြန်မာ့အားကစားလှုပ်ရှားမှု ပြခန်း များကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
ဦးစွာ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့သည် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း Social Zone ရှိ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန မြန်မာ့အားကစား လှုပ်ရှားမှု ပြခန်းများဖြစ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် မြန်မာ့ အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမ အတွင်းရှိ မှတ်တမ်းတင်ထားရှိ ထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစား သမားများ၏ ပုံတူရုပ်တုများ၊ မြန်မာ့အားကစားမော်ကွန်းခန်းမ၊ ၂၀၁၆ - ၂၀၂၀ ပြည့်နှစ်အတွင်း အားကစားလှုပ်ရှား ဆောင်ရွက်မှု ပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ တွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ် ဆုရရှိခဲ့သူများနှင့် အားကစား နည်းအလိုက် ပြိုင်ပွဲမှတ်တမ်း ဓာတ်ပုံများ၊ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲ မှတ်တမ်းဓာတ်ပုံများနှင့် အားကစားပြတိုက် (စိတ်ဓာတ် မြှင့်တင်ရေးခန်းမ)တို့ကို ကြည့်ရှု လေ့လာကြပြီး သိရှိလိုသည်များ ကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိ သူများက ရှင်းလင်းဖြေကြားကြ သည်။
ထို့နောက် လေ့လာရေးအဖွဲ့ သည် ဝဏ္ဏသိဒ္ဓိဘောလုံးအား ကစားကွင်းအတွင်းသို့ သွားရောက် လေ့လာကြရာ အားကစားနှင့် လူငယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများက ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း စတင် တည်ဆောက်ခဲ့မှု၊ လက်ရှိ အားကစားပြိုင်ပွဲများ ကျင်းပနေမှု နှင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ပေးနေမှု အခြေအနေ တို့ကို ရှင်းလင်းပြောကြားကြသည်။
အဆိုပါ လေ့လာရေးအဖွဲ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ ပါဝင် ကြောင်း သိရသည်။
သတင်းစဉ်