တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

Image not available

 

 

နေပြည်တော် ဇူလိုင် ၂

 

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ဝင်များ၊ ကျေးရွာ^ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊   အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်း များ ပါဝင်သောပူးပေါင်းအဖွဲ့သည်  ဇွန် ၂၅ ရက် မှ ၂၉ ရက်အတွင်း ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ဘန့်ဘွေး ကုန်းကျေးရွာ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် အမှတ်(၇၁/၇)အနီး ဆိုင်ကယ်ငါးစီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၀ ဒသမ ၈၁၆၀ )တန်နှင့် ပြစ်မှုကျူးလွန်သူ ငါးဦး၊ မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ပဇူကြိုးဝိုင်းအကွက်(၄၄)အတွင်း ယာဉ်ပေါ်မှ တရားမဝင် လုံးပတ်သုံးပေအောက်ကျွန်းသစ်  ၂ ဒသမ ၅၉၇၈ တန်နှင့် ကျူးလွန်သူ သုံးဦး၊ ပဲခူးတိုင်းဒေသကြီး  ပဲခူးခရိုင် ပဲခူးမြို့နယ် ဘုရားကြီး-ဝေါလမ်း    ရွှေသံလွင်တိုးဂိတ် အနီးတွင် ယာဉ်ပေါ်မှ  တရားမဝင် ကျွန်း တံခါးချပ်ဆိုဒ်စုံ   ၉၁ ချပ်  (၀ ဒသမ ၇၆၇)တန်)   ယာဉ်တစ်စီး၊   ကျူးလွန်သူနှစ်ဦး၊ မ္တလေးတိုင်းဒေသကြီး မ္တလေးခရိုင် ပုသိမ် ကြီးမြို့နယ်  မန္တလေး-ပြင်ဦးလွင်(အတက်) ကားလမ်း(၁၆)မိုင်      စစ်ဆေးရေးစခန်း (အတက်)စင်နေရာတွင် ယာဉ်ပေါ်မှ တရား မဝင်  ပိတောက်ခွဲသား    ၀  ဒသမ   ၃၄၃၈၀ တန်၊ ယာဉ်တစ်စီးနှင့်  ကျူးလွန်သူတစ်ဦး၊ မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ် တနိုင်း မြို့တံတားအနီး  ဆင်မ်ဆာ့ရပ်ကွက်နေရာ ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကြေးလံခွဲသား ၂ ဒသမ  ၄၀၅၀ တန်နှင့် ကျူးလွန်သူ နှစ်ဦး အား   ဖမ်းဆီးရမိခဲ့ပြီး   ကျူးလွန်သူများကို ဥပဒေနှင့်အညီ   ထိရောက်စွာ   အရေးယူနိုင် ရေး  သက်ဆိုင်ရာ  ရဲစခန်းတွင်  အမှုဖွင့်ဆောင် ရွက်လျက်ရှိသည်။

 

ထို့အပြင်  ချင်းပြည်နယ်  ဖလမ်းခရိုင် တီးတိန်မြို့နယ် နေချင်စရာကြိုးပြင်ကာကွယ် တောအတွင်း တရားမဝင်ကညင်သစ်/ခွဲသား  ၅ ဒသမ ၄၆၃၆ တန်၊  ပဲခူးတိုင်းဒေသကြီး သာယာ၀တီခရိုင်     သာယာ၀တီမြို့နယ် သုံးဆယ်ကြိုးဝိုင်းအကွက်    (၁၀၄ ၊၁၁၂)အတွင်း တရားမဝင်ကညင်ခွဲသား  ၃၁ ဒသမ ၂၇၆၂ တန်၊ ကယားပြည်နယ်   ဘော်လခဲ ခရိုင် ဘော်လခဲမြို့နယ်  ဖားဆောင်းသွား ကားလမ်းပေါ်မှ    မော်တော်ယာဉ်နှင့်အတူ တရားမဝင်  ပျဉ်းကတိုး/ပိတောက်ခွဲသား  ၀  ဒသမ  ၆၇၁၂ တန်နှင့်   မီးသွေး ၂ ဒသမ ၄ တန်တို့အား   ပိုင်ရှင်မဲ့  သိမ်းဆည်းရမိခဲ့ပြီး ဆက်စပ်ပတ်သက်သူများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍    ဥပဒေနှင့်အညီ   ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။  

                             

သတင်းစဉ်