
နေပြည်တော် ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် နှစ်ဦးပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းပရိတ် တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း နှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် များ၊ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/တပ်ဖွဲ့ အသီးသီး၌ ပြုလုပ်ကြသည်။
အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/ တပ်ဖွဲ့အသီးသီးတို့ရှိ ဓမ္မာရုံများနှင့် သတ်မှတ်နေရာ များ၌ သံဃာတော်များက ရွတ်ပွားပူဇော်ချီးမြှင့် တော်မူကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သီလခံယူဆောက်တည် ၍ ပရိတ်တရားတော်များကို နာယူကြပြီး သံဃာ တော်များအား လှူဖွယ်ပစ္စည်းများ၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ် လောင်းလှူကြသည်။
ထို့ပြင် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် များအလိုက် တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ဇီဝိတဒါနစုပေါင်း ငါးလွှတ်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း ၊ အလှူငွေများ၊ စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း တို့ကို ဆောင်ရွက်ကြကြောင်း သိရသည်။
သတင်းစဉ်