
နေပြည်တော် ဇန်နဝါရီ ၂၇
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များမှ ဘုရား စေတီများသို့ ဘုရားဖူးလာရောက် ကြမည့် ရဟန်းသံဃာတော်များ နှင့် အများပြည်သူများ စိတ်အေး ချမ်းသာစွာ တရားဘာဝနာပွားများ ၍ ဖူးမြော်ကြည်ညိုနိုင်စေရေး အတွက် ဘုရား၊ စေတီ၊ ပုထိုးတော် များနှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရန် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ဒေသခံပြည်သူများက သန့်ရှင်းရေးလုပ်ငန်းများ ကုသိုလ် ပြု စုပေါင်းဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဘုရားစေတီပုထိုးများ နှင့် ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိရာ ယနေ့ တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ရှိ မြို့နယ်သုံးမြို့နယ်တို့၌လည်း ကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌လည်းကောင်း၊ ရခိုင် ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် လေးမြို့နယ်တို့၌လည်း ကောင်း ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက် များ ရှင်းလင်းခြင်း၊ ရေနုတ်မြောင်း များ တူးဖော်ပေးခြင်း၊ ဘုရား၊ စေတီများနှင့် ရုပ်ပွားတော်များ အား ရောင်တော်ဖွင့်ပေးခြင်း၊ ထုံးသင်္ကန်းများ ဆက်ကပ်ခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ ကို ကုသိုလ်ပြုဆောင်ရွက်ကြ သည်။
ယင်းသို့ ဆောင်ရွက်နေမှုများ ကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်