
နေပြည်တော် ဇွန် ၂၇
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ ဘုရား၊ စေတီပုထိုးများ၊ ဘာသာရေးကျောင်းများ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ် ထားရှိရာ ယနေ့တွင်လည်း ဗုဒ္ဓဘာသာဘုရား၊ စေတီ၊ ကျောင်းကန်များ၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်များ၏ ဘာသာအလိုက် ဘာသာရေး ကျောင်းများ၊ ဝတ်ပြုကျောင်းများတွင် သက်ဆိုင်ရာ ဘာသာဝင်များက လာရောက်၍ စိတ်အေးချမ်းသာ စွာ ဝတ်ပြုဆုတောင်းမှုများ ဆောင်ရွက်လျက် ရှိကြသည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေး မြို့ကြီးများအပါအဝင် အခြားမြို့ကြီးများတွင် ပန်းခြံများ၊ ကစားကွင်းများနှင့် ပြတိုက်များကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားရှိရာ လာရောက် လေ့လာအပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည့် အပြင် ဈေးများ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထားခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများကို တည်ငြိမ်အေးချမ်း စွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်