တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးရေးအထောက်အကူပြုဆေးဝါးများ ဆက်လက်ပို့ဆောင်

နေပြည်တော်    သြဂုတ်    ၁၁


ရန်ကုန်မြို့ စကားဝါလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီး  ဌာန  ဗဟိုဆေးသိုလှောင်ရေးဌာန  (CMSCC) က အထောက်အကူပြုဆေးဝါးများကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ  တပ်မတော်(လေ)ပို့ဆောင်ရေးလေယာဉ်ဖြင့် ကချင် ပြည်နယ် မြစ်ကြီးနားမြို့သို့ ပို့ဆောင်ပေးသည်။


ဆက်လက်ဖြန့်ဝေပေးသွားမည်


အဆိုပါ ဗဟိုဆေးသိုလှောင်ရေးဌာန (CMSCC)က ပို့ဆောင်ပေးသောဆေးဝါးများတွင် စက္ကူတစ်ဖာ လျှင် Paracetamol ဆေးကတ်အရေအတွက် ၂၀၀၀ ပါဝင်သော    စက္ကူဖာ ၂၀၊     စက္ကူတစ်ဖာလျှင် Multivitamin  ဆေးကတ်အရေအတွက် ၄၈၀၀၀ ပါဝင်သော စက္ကူဖာ ၄၈ ဖာနှင့် အခြားအထောက် အကူပြုပစ္စည်းများ အပါအဝင် ကုန်ချိန် ၄၇၄၂ ကီလို ဂရမ်ကို ပို့ဆောင်ပေး​ရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြကြောင်းနှင့် ဆက်လက်ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း သိရသည်။


အလားတူ    တရုတ်နိုင်ငံမှ ရောက်ရှိနေသည့် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မ လမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ် ဆေးသိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ၌ ထားရှိရာ အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့သို့ ၃၆၅၆၈ လုံးနှင့် မန္တလေးမြို့သို့ ၉၇၅၂၂ လုံးတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ် များဖြင့် ဆက်လက်ဖြန့်ဖြူးပေးသည်။
ထို့ပြင်   ဝေးလံခေါင်ပါးသော  ဒေသများသို့ တပ်မတော်လေယာဉ်များနှင့် မြန်မာ့လေကြောင်း တို့၏ အကူအညီများရယူကာ လေကြောင်းခရီးစဉ် များဖြင့်       ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။        

        
 သတင်းစဉ်