တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေလှူဒါန်း

 

နေပြည်တော်   ဩဂုတ်   ၈


ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို    ကုသရေးလုပ်ငန်းများ    ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေရန်   တပ်မတော်နှင့်   အလှူရှင်များက    အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

 


ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့    အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင်    တာဝန် ထမ်းဆောင်နေသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ၊ လားရှိုးမြို့ ချစ်ခြင်းမေတ္တာဂေဟာရှိ ကလေးများနှင့် ခါနန် (AG) လူမျိုးပေါင်းစုံ အလင်းအိမ်ဂေဟာရှိ ကလေးများအတွက်  ဆန်၊ ဆီ၊ အဝတ်အထည် များနှင့်   စားသောက်ဖွယ်ရာများကိုလည်းကောင်း၊   ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့ ပြည်သူ့ဆေးရုံနှင့် လွိုင်လင်မြို့၊ နည်းပညာ တက္ကသိုလ်(ပင်လုံ)တို့ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ  ပရဟိတအသင်းများသို့  အောက်ဆီဂျင်အိုး  ရှစ်လုံးနှင့် ပုသိမ်မြို့ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀) သို့ Oxygen Flow  Meter ၁၀၀ နှင့် အောက်ဆီဂျင်အိုး ၁၀၀ တို့ကိုလည်းကောင်း (ယာပုံ)၊   စစ်ကိုင်းတိုင်းဒေသကြီး    မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့   မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံးနှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံ ကြီးသို့ အောက်ဆီဂျင်အိုး ၂၅၀၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ Oxygen Concentrator ငါးလုံး၊ PPE ဝတ်စုံ ၃၀၀ နှင့် ပဲခူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေး လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ  မီးသတ်တပ်ဖွဲ့ဝင်များ၊  ကြက်ခြေနီအသင်းအဖွဲ့ဝင်များ စည်ပင်သာယာရေးအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းပရဟိတ အသင်းအဖွဲ့ များကို ဆန်၊ ပဲနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ နယ်မြေခံတပ်မတော် သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံယူခဲ့ ကြသည်။

 


ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေ ဖြင့်လည်း  တိုင်းစစ်ဌာနချုပ်  နယ်မြေအသီးသီးတွင် Oxygen Plant များကို  တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ  ယနေ့တွင်  ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ အောက်ဆီ ဂျင်စက်ရုံမှ  အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဖြူးနေမှုကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး    ရေကြည်မြို့၌     အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။     

သတင်းစဉ်