
နေပြည်တော် ဩဂုတ် ၇
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ပြည်သူ့ ဆေးရုံသို့ PPE ဝတ်စုံ ၂၀၀၊ Mask ၅၀၀၀၊ ခေါင်းစွပ် ၅၀၀၊ လက်အိတ် ၂၀၀၊ ပိုးသတ်ဆေးရည်နှစ်ပုံး၊ အားဆေး အလုံး ၂၁၀၀နှင့် သွားတိုက်ဆေးဘူး ၂၆၀(ယာပုံ)၊ ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုးငါးလုံး၊ Mask ၂၀၀၀၀၊ N-95 Mask ၃၀၀၊ PPE ဝတ်စုံ ၁၀၀၊ Face Shield ၂၀၀၊ လက်သန့်ဆေးရည် ၄၈ ဘူး၊ အရက်ပြန် ၄၈ ဘူးနှင့် ပိုးသတ် ဆေးရည်နှစ်ပုံး၊ သိန်းနီမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် အိုးငါးလုံး၊ Flow Meter ငါးခု၊ Oxygen ပိုက် ငါးစုံ၊ PPE ဝတ်စုံ ၃၀၊ Level 2 (Gown) ၁၀၀၊ Mask ၂၅၀၀၊ လက်သန့်ဆေးရည် ၄၈ ဘူး၊ ပိုးသတ်ဆေးရည်နှစ်ပုံးနှင့် မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံကြီး သို့ PPE ဝတ်စုံ ၅၀၊ Oximeter သုံးလုံး၊ Face Shield ၅၅ ခု၊ Sur-gical Gowns ၆၅ ထည်၊ Surgical Gloves ၂၀၀၊ အရက်ပြန် ငါးဂါလန် တစ်ပုံးတို့ကို လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ပုလော မြို့နယ် ပလောက်မြို့၌ အောက်ဆီဂျင်စက်ရုံ တည် ဆောက်နိုင်ရေးအတွက် အလှူ ငွေကျပ် ၁၀ သိန်း၊ ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာ များတွင် ကူညီဆောင်ရွက်ပေး နေသည့် စေတနာ့လူမှုအသင်း အဖွဲ့များသို့ အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လည်း ကောင်း။
ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၁၅ လုံး၊ ပုသိမ် မြို့နှင့် ကန်ကြီးထောင့်မြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတ အသင်းများသို့ အောက်ဆီဂျင်အိုး ၄၂လုံး၊ လပွတ္တာမြို့ မြို့နယ်ပြည်သူ့ ဆေးရုံ (ခုတင်-၅၀)သို့ PPE ဝတ်စုံ ၁၀၀ နှင့် အလှူငွေကျပ်ငါးသိန်း နှင့် ဟိုင်းကြီးကျွန်းမြို့ နယ်မြေခံ တပ်မတော်ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် စားသောက် ဖွယ်ရာများကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ် သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံး နှင့် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးရုံတက် လူနာများအတွက် အာဟာရဖြည့် စားသောက် ဖွယ်ရာများကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေသော စေတနာ့ ဝန်ထမ်း လူမှုရေးအဖွဲ့အစည်းများ အတွက် ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ၊ နယ်မြေ ခံ တပ်မတော်သားများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီ ရေးအဖွဲ့အစည်းများနှင့် စေတနာ ရှင်၊ အလှူရှင်များက သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီ ဂျင် လိုအပ်ချက်များ မရှိစေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန မှ Oxygen Plant များကို တိုးမြှင့် တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်း စစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသ ကြီး မြိတ်မြို့ပြည်သူ့ဆေးရုံဝင်း အတွင်းနှင့် မြိတ်တောင်ကျေးရွာ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနရုံးဘေးရှိ အောက်ဆီဂျင်စက်ရုံ ထပ်မံတိုးချဲ့ တည်ဆောက်မည့် မြေနေရာတို့ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့၊ လပွတ္တာမြို့၊ မြောင်းမြမြို့နှင့် ဇလွန်မြို့တို့၌ အောက်ဆီဂျင် စက်ရုံ တည်ဆောက်နေမှုကို လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်