တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဖြန့်ဝေလှူဒါန်း

 

နေပြည်တော်  ဩဂုတ်  ၁

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ များနှင့်       သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ      ဆောင်ရွက်ရာတွင် အောက်ဆီဂျင်    လိုအပ်ချက်များကို    တစ်ဖက် တစ်လမ်းမှ    အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက  အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွယ်ရေး  အထောက်အကူပြု ပစ္စည်းများကို    တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးရှိ   ပြည်သူ့ဆေးရုံများ၊   တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊  ကိုဗစ်စင်တာ များနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့  ပေးပို့ လှူဒါန်းလျက်ရှိသည်။

 


ထိုသို့    လှူဒါန်းလျက်ရှိရာ    ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ  ပုဗ္ဗသီရိမြို့နယ်၊  နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၅၀ ကိုလည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး    မုံရွာမြို့ရှိ    အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့    လီတာ    ၄၀    ဆံ့  အောက်ဆီဂျင်အိုး    ၉၀    ကို   လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်  ပြည်သူ့ ဆေးရုံကြီးသို့ Oxygen Concentrator ၂ လုံးနှင့် Mask  ၂၀၀၀ ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး  မိုးညိုမြို့ ပြည်သူ့ဆေးရုံသို့ လီတာ ၄၀ ဆံ့ အောက်ဆီ ဂျင်အိုး   ၂၅   လုံးကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သား များက ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ အသီးသီး သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ သည်။

 


အလားတူ   ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက    အထောက်အကူပစ္စည်းများ၊ အလှူငွေများကို    ပေးအပ်လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)   မူဆယ်မြို့   ပြည်သူ့ ဆေးရုံကြီးအတွက် ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းတွင် မူဆယ်မြို့    ရွှေနန်းတော်    ကျောက်မျက်ရတနာ ပြခန်းဝင်းအတွင်း၌  တရုတ်ယဉ်ကျေးမှု  သာရေး နာရေးအသင်း လူငယ်အဖွဲ့မှ ငွေကျပ် ၈၅၃ သိန်း ကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု  ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်း များဖြစ်သည့် Oxygen Concentrator ၂ စုံ ၊ PPE အစုံ ၁၅၀၀၊ Mask ၂၅၀၀၀၊ N95 Mask ၂၄၀၀ ၊ Oxygen Cylinder အစုံ ၇၀ ၊ Oxygen regulator အစုံ ၄၀ ၊ Oxygen Mask အစုံ ၁၅၀ ၊ Oxygen cathter အစုံ ၁၀၀၀ ၊ Medical Head အစုံ ၂၅၀၀ ၊ Medical ventilator ၂ စုံ၊ Medical monitor ၁၀ စုံ၊ Injection pump ၂ စုံ၊ Electro-cardiograph (ECG) ၂ စုံ၊ Alcohol 18 kg ဆံ့ ၃၈ ပုံး၊ ပိုးသတ်ဆေး   ၁၀   လီတာဆံ့ ပုံး ၂၀ နှင့် တရုတ်တိုင်းရင်းဆေး (Lianhua Qingwen Jiaonang ) ဖာ  ၁၆၀၀ တို့အား  ပေးအပ် လှူဒါန်းရာ ဆေးရုံအုပ်ကြီး  ဒေါက်တာဟန်နိုင်စိုးက  လက်ခံရယူခဲ့သည်။  

 


ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌  အောက်ဆီဂျင်  လိုအပ်ချက်များ  မရှိစေရေးအတွက်  ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို  တိုးမြှင့်တပ်ဆင်   လည်ပတ်လျက်ရှိပြီး   တပ်မတော် အနေဖြင့်လည်း  တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို  တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိကြောင်းနှင့်     ယနေ့တွင်    မန္တလေးတိုင်း ဒေသကြီး    မန္တလေးမြို့   အထွေထွေရောဂါကု ဆေးရုံကြီးရှိ Oxygen  Plant ၌  အောက်ဆီဂျင်  ထုတ်လုပ်ဖြန့်ဝေမှုများကို      အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ     ပေါင်းစပ်ညှိနှိုင်း     ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။                                

သတင်းစဉ်