တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

 

နေပြည်တော် ဇူလိုင်   ၃၁


ကိုဗစ်-၁၉   ရောဂါ  ဓာတ်ခွဲ အတည်ပြု  ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများ ကို ကုသရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင်    အောက်ဆီဂျင် လိုအပ်ချက်များကို   တစ်ဖက် တစ်လမ်းမှ   အထောက်အကူပြု စေရန်အတွက်   တပ်မတော်နှင့် အလှူရှင်များက  အောက်ဆီဂျင် အိုးများကို    တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ    ပြည်သူ့ ဆေးရုံများ၊   တပ်မတော်ဆေးရုံ များ၊   ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့       ပေးပို့ လှူဒါန်းလျက်ရှိသည်။
ထိုသို့   လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ် နေပြည် တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး အလုံး ၅၀ ကို နေပြည်တော်တိုင်းစစ်ဌာန ချုပ်မှ နယ်မြေခံတပ်မတော်သား များက  လည်းကောင်း၊  မဘိမ်း မြို့နယ် ငါးအိုးတိုက်နယ်ဆေးရုံသို့  လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ခြောက်လုံး၊    ၁၀    လီတာဆံ့ အောက်ဆီဂျင်အိုး လေးလုံးနှင့် မိုးမိတ်မြို့    ပြည်သူ့ဆေးရုံသို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၅   လုံးနှင့်   ၁၀  လီတာဆံ့ အောက်ဆီဂျင်အိုး ငါးလုံးတို့ကို မြောက်ပိုင်း       တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊    ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့၊ ဝါးခယ်မမြို့၊ ဓနုဖြူမြို့၊   ညောင်တုန်းမြို့၊ ပန်းတနော်မြို့နှင့် ဖျာပုံမြို့များရှိ ပြည်သူ့ဆေးရုံများနှင့်  ပရဟိတ အသင်းများသို့  လီတာ  ၄၀  ဆံ့ အောက်ဆီဂျင်အိုး  အလုံး  ၁၇၀ တို့ကို   အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ       နယ်မြေခံ တပ်မတော်သားများက  လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ    အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၁၀၀ ကို    အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ         နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် စေတနာ့ဝန်ထမ်းများက လည်းကောင်း      သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။


အလားတူ    တပ်မတော်မှ ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်   အထောက် အကူဖြစ်စေရန်အတွက် စေတနာ ရှင်၊ အလှူရှင်များက အထောက် အကူပစ္စည်းများ၊ အလှူငွေများ   ကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင်  နေပြည်တော်တိုင်း စစ်ဌာနချုပ်သို့   မြန်မာ့ကြယ်စင် လင်းကုမ္ပဏီမှ ဦးဧရာလင်းနှင့် ဒေါ်နှင်းအိဖြူငြိမ်း    မိသားစုက ငွေကျပ်သိန်း ၃၀၊ ဆန္ဒဘုန်းပြည့် ကုမ္ပဏီမှ ဦးပြည့်လင်းအောင်နှင့် ဒေါ်သော်တာတင့်ဆန်း  မိသားစု က   ငွေကျပ်  သိန်း   ၂၀  နှင့် အထောက်အကူပြု ပစ္စည်းများကို လာရောက်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိူးတင်နှင့် တာဝန် ရှိသူများက     လက်ခံရယူပြီး ဂုဏ်ပြု      မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ   ကျေးဇူး တင်စကား ပြောကြားသည်။
တို့အတူ တနင်္သာရီတိုင်းဒေသ ကြီး ထားဝယ်မြို့ ပြည်သူ့ဆေးရုံ ကြီးသို့       ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး   စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် ကောင်စီဝင်များ၊   ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်   ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး နှင့် တာဝန်ရှိသူများက လီတာ ၄၀ ဆံ့ Oxygen Clinder အိုး အလုံး ၁၅၀ နှင့် စေတနာ့ဝန်ထမ်း လူမှု ကူညီ ရေး အသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများ  ပေးအပ်လှူဒါန်း ကြရာ      တာဝန်ရှိသူများက အသီးသီး     လက်ခံရယူကြပြီး ဂုဏ်ပြု         မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ    ကျေးဇူး တင်စကား ပြောကြားသည်။ 

 


ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီ ဂျင်  လိုအပ်ချက်များ   မရှိစေရေး အတွက်      ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိကြောင်းနှင့် ယနေ့ တွင်   ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်   စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ    ဆုတောင်း ပြည့်ဓမ္မာရုံ၌        စေတနာရှင် အလှူရှင်တစ်ဦးက        လှူဒါန်း ထားသော     Oxygen    Plant တည်ဆောက်မှုကို   တိုင်းဒေသ ကြီး    စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ ကလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး   မုံရွာမြို့ရှိ    ပြည်သူ့ ဆေးရုံကြီးအတွင်း၌      Liquid Oxygen  Plant   စက်ရုံတည် ဆောက်မည့်မြေနေရာ ပြင်ဆင်မှု နှင့်         အိုးဘိုတောင်ရပ်ကွက် တွင်     တည်ဆောက်လျက် ရှိသော Oxygen    Plant  များကို  တိုင်းဒေသကြီး      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   ဦးမောင်မောင် လင်း၊    အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့်  အဖွဲ့ဝင်များကလည်း ကောင်း   အသီးသီးသွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်   ပေးခဲ့ကြကြောင်း သတင်းရရှိသည်။      

 

သတင်းစဉ်