တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့်  ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

 

 

နေပြည်တော် စက်တင်ဘာ  ၁၄


ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု  ပိုးတွေ့လူနာ များနှင့်  သီးသန့်စောင့်ကြည့်ရမည့်သူများကို  ကုသ ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက်  တပ်မတော်နှင့်   အလှူရှင် များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု   ပစ္စည်းများနှင့်  အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ စက်တင်ဘာ ၁၃ ရက် နှင့် ယနေ့တို့တွင် ရခိုင်ပြည်နယ် အမ်းမြို့ ပြည်သူ့ ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်  ငွေကျပ်သိန်း ၂၀၊  အမ်း မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် အတွက်  အောက်ဆီဂျင်   စက်ရုံတည်ဆောက်ရေး ကော်မတီသို့   ငွေကျပ်သိန်း  ၁၀၀၊   အမ်းမြို့ရှိ တပ်မတော်ဆေးရုံအတွက်   ဆေးပစ္စည်းများနှင့် ငွေကျပ် ၁၀၂ သိန်း၊ ကျောက်ဖြူခရိုင်  ပြည်သူ့ဆေးရုံ ကြီးရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေး  အထောက်အကူပြုပစ္စည်း များနှင့်   ဂုဏ်ပြုချီးမြှင့်ငွေများ၊  ကျောက်ဖြူမြို့ စစ်တောတပ်နယ်၌ လည်ပတ်ထုတ်လုပ်လျက်ရှိသည့် အောက်ဆီဂျင် စက်ရုံအတွက်  အလှူငွေကျပ်သိန်း ၂၀၊   မာန်အောင်မြို့    ပြည်သူ့ဆေးရုံရှိ  ကျန်းမာရေး ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး  အထောက်အကူပြုပစ္စည်းများနှင့် ငွေကျပ်သိန်း ၂၀၊  မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက် လျက်ရှိသည့်    အောက်ဆီဂျင်စက်ရုံအတွက်  အလှူ ငွေကျပ်သိန်း  ၁၀၀နှင့်    ဆေးရုံတက်ရောက်ကုသ လျက်ရှိသော   ဒေသခံတိုင်းရင်းသား   ပြည်သူများ အတွက်    ထောက်ပံ့ငွေနှင့်      စားသောက် ဖွယ်ရာများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်  တာဝန်ရှိသူများ က သွားရောက်လှူဒါန်းကြရာ    တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
အလားတူ  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက်   စေတနာရှင် အလှူရှင်များက    အထောက်အကူပစ္စည်းများ၊ အလှူငွေများကို     ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)  ခိုလမ်မြို့ရှိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာ များအတွက် တရုတ်ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့က Alphard ကား တစ်စီး၊ Patient  Monitor နှစ်လုံး၊ Oxygen Concentrator နှစ်လုံး၊ Test Kit အခု၂၀၀၊ ကလိုရင်း (၅ ဂါလန်) ပုံး ၂၀၊ လက်အိတ် အစုံ ၁၅၀၊ Mask ငါးဖာ၊ PPE ဝတ်စုံ  ၁၅၀၊ အရက်ပြန် အလုံး ၂၀၀၊   ဆေးဖျန်းပုံး(ဘက်ထရီပါ)   နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊     လူသုံးကုန်ပစ္စည်းများကို လည်းကောင်း၊   ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ပြည်သူ့ဆေးရုံများနှင့်  တိုက်နယ်ဆေးရုံ များတွင် အသုံးပြုရန်အတွက်    အလှူရှင်များဖြစ်သည့် ဦးကျော်ခင်( Tzu Chi Buddhist  Foundation) က ငွေကျပ်သိန်း ၄၅၇၀ တန်ဖိုးရှိ ၁၂ ပြည်ပါ ဆန် အိတ် ၅၀၀၀၊ ဆီပုလင်း(၁ လီတာ)ပါ အလုံး ၅၀၀၀၊ Oxygen  Concertrator အလုံး ၁၄၀၊ Oxygen Plastic Tube (ပိုက်သစ်) အချောင်း ၁၀၀၀၀၊ PPE ဝတ်စုံ ၁၀၀၊  Oxygen Cylinder အလုံး ၆၀၀နှင့် Flow  Meter အခု ၆၀၀၊ Yogon  Petrol Co.,Ltd က  အလှူငွေကျပ် ၂၅ သိန်း၊   ဦးဝင်းမြင့်နှင့်  ဇနီး ဒေါ်မြင့်မြင့်သိန်း(ရွှေနဂါးမင်း ကုမ္ပဏီလီမိတက်)က  အလှူငွေကျပ်  ၇၅   သိန်း၊ ဦးအာကာကြိုင်   (တော်ဝင်ကြာဖူး    ဆောက်လုပ်ရေးကုမ္ပဏီ)က  အလှူငွေကျပ်  ၇၅  သိန်း၊ Sann Thit  Aung  Construction Co.,Ltd က အမေရိကန်ဒေါ်လာ ၃၀၀၀ တန်ဖိုးရှိ FABIMERA -400 (FAVIPIRAVIR  TABLETS (400 mg)) ၅၀၊ ဦးကျိန်တာနှင့် ဇနီးဒေါ်သီတာဦး  (Hot Pot  King) မိသားစုက ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ PPE ဝတ်စုံ  ၅၀၀၊ ချမ်းမြေ့မေတ္တာအထူးကုဆေးရုံ (သန်လျင်)က အလှူငွေကျပ်သိန်း  ၂၀   တို့ကိုလည်းကောင်း   အသီးသီးပေးအပ်  လှူဒါန်းကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်      ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ   တိုင်းမှူးများနှင့် တာဝန်ရှိသူများက    လက်ခံရယူခဲ့ကြပြီး  (ဝဲပုံ)  ဂုဏ်ပြုမှတ်တမ်းလွှာများ    ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားများ  ပြောကြားခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင်လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း     တိုင်းစစ်ဌာနချုပ်   နယ်မြေ အသီးသီးတွင် Oxygen Plant များကို တပ်ဆင် ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့  စစ်တောတပ်နယ်၌  လည်ပတ် ဆောင်ရွက်လျက်ရှိသော  အောက်ဆီဂျင်စက်ရုံနှင့် မာန်အောင်မြို့  ပြည်သူ့ဆေးရုံတွင်  တည်ဆောက် လျက်ရှိသည့်   အောက်ဆီဂျင်စက်ရုံကို   ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက  သွားရောက် ကြည့်ရှုပြီး  လိုအပ်သည်များ   ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။         
   သတင်းစဉ်