တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊  တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့်  ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ ဆက်လက်ဖြန့်ဝေလှူဒါန်း  


 

 

နေပြည်တော်  စက်တင်ဘာ   ၆


ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့်  သီးသန့် စောင့်ကြည့်ရမည့်သူများကို  ကုသရေးလုပ်ငန်းများဆောင်ရွက်ရာ  တွင်   အောက်ဆီဂျင်လိုအပ်ချက်များကို      တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့်  အလှူရှင်များက အောက်ဆီဂျင်အိုးများ၊     ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို     လှူဒါန်းပေး လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့်  အင်္ဂပူ မြို့များရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတအသင်းများသို့ အောက်ဆီဂျင် အိုး ၄၈ လုံးကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့ပြည်သူ့ ဆေးရုံသို့ အောက်ဆီဂျင်အိုး ၃၀ ကို လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ ပရဟိတ အသင်းအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များက သွားရောက်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ  Liquid Oxygen Plant စက်ရုံမှ အောက်ဆီဂျင်ဖြည့်တင်းပေးနိုင်မှုနှင့် စက်ရုံ လည်ပတ်မှုအခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်