တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေလှူဒါန်း

 

နေပြည်တော်    ဩဂုတ်    ၂၇


တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များသို့  ပေးပို့လှူဒါန်းလျက်ရှိသည်။
ငွေနှင့် ဆေးဝါးများ လှူဒါန်း
ထိုသို့    လှူဒါန်းလျက်ရှိရာ ယနေ့တွင်  ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့ရှိ ပရဟိတအသင်း များသို့ အောက်ဆီဂျင်အိုး ရှစ်လုံး နှင့် ဝါးခယ်မမြို့ မြို့နယ်ပြည်သူ့  ဆေးရုံ (ခုတင်-၅၀၀) သို့ ငွေကျပ် ၃၆    သိန်းတန်ဖိုးရှိ      Oxygen Concentrator နှစ်လုံးနှင့် ငွေကျပ် ၂၅ သိန်းတန်ဖိုးရှိ ဆေးဝါးများကို လည်းကောင်း၊      မြင်းခြံခရိုင် ဇဂျမ်းကျေးရွာအုပ်စု      ဇဂျမ်း တိုက်နယ်ဆေးရုံသို့     Oxygen Concentrator  နှစ်လုံးကိုလည်း ကောင်း သက်ဆိုင်ရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်   လူမှုကူညီရေး အဖွဲ့အစည်းများက    အသီးသီး သွားရောက်         လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။
အောက်ဆီဂျင်ထုတ်လုပ်
ထို့ပြင်         ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊      စစ်တော တပ်နယ်ရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်   ထုတ်လုပ်နေမှု ကိုလည်းကောင်း၊  စစ်ကိုင်းတိုင်း ဒေသကြီး    မုံရွာမြို့    အထွေထွေ ရောဂါကု       ပြည်သူ့ဆေးရုံကြီး အတွင်းရှိ    ရွှေဗျိုင်းဖြူကုမ္ပဏီမှ  လှူဒါန်းသော  Liquid  Oxygen Tank       တည်ဆောက်ပြီးစီးမှု၊ အောက်ဆီဂျင်အိုးများ ဖြည့်သွင်း နေမှုနှင့် လူနာများသို့ အောက်ဆီ ဂျင်   ပို့လွှတ်ပေးနေမှုနှင့်    အိုးဘို တောင် ရပ်ကွက်ရှိ အောက်ဆီဂျင် ထုတ်လုပ်ရေးစက်ရုံမှ အောက်ဆီ ဂျင်ထုတ်လုပ်မှုကိုလည်းကောင်း ၊  မန္တလေးတိုင်းဒေသကြီး   ရမည်းသင်းမြို့နယ်  သီလဝ  (၂)ရပ်ကွက်နှင့်   သာစည်မြို့နယ် အမှတ်(၁) ရပ်ကွက် ကြာကန် ဘုန်းကြီးကျောင်းအတွင်းတို့၌ အောက်ဆီဂျင်စက်ရုံ       တည် ဆောက်မည့်    မြေနေရာများကို     လည်းကောင်း၊ သက်ဆိုင်ရာတိုင်း ဒေသကြီး   ဝန်ကြီးချုပ်၊   တိုင်းစစ် ဌာနချုပ်များမှ    တိုင်းမှူးများနှင့် တာဝန်ရှိသူများက   အသီးသီး    သွားရောက်ကြည့်ရှုကြပြီး လိုအပ် သည်များ   ညှိနှိုင်းဆောင်ရွက်  ပေးခဲ့ကြကြောင်း     သတင်းရရှိ သည်။


သတင်းစဉ်