
နေပြည်တော် ဩဂုတ် ၁၈
တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ နှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ပညာ ရေး ဒီဂရီကောလိပ်၌ ဖွင့်လှစ် ထားသော ကိုဗစ်-၁၉ ရောဂါ ကြပ်မတ်ကုသရေး စင်တာနှင့် လားရှိုးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး (ခုတင်-၅၀၀)သို့ အောက်ဆီဂျင်အိုး အလုံး ၂၀၊ Oxygen Concentrator နှစ်ခု၊ Oxygen Regulator ခြောက်ခု၊ အောင်ဆီဂျင် အိုးတင်လှည်း ခြောက်စီး၊ နှာခေါင်းစည်း ၆၀၀၀၊ PPE ဝတ်စုံ ၁၅၀၊ လက်သန့်ဆေး ရည်ဘူး ၆၀၊ အရက်ပြန် လေးပုံး၊ လက်အိတ် ၁၀၀၀ နှင့် ဆေးဝါး များကို လည်းကောင်း၊ နောင်ချို မြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါ မြို့နယ်နှင့် သိန်းနီမြို့နယ်တို့ အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် အောက်ဆီ ဂျင်အိုး နှစ်လုံး၊ Oxygen Regulator နှစ်ခု၊ အောက်ဆီဂျင် ပိုက် နှစ်ချောင်း၊ အောက်ဆီဂျင်အိုး တင်လှည်း တစ်စီး၊ PPE ဝတ်စုံ ၁၀၀၊ လက်သန့်ဆေးရည်ဘူး ၃၀၊ နှာခေါင်းစည်း ၂၀၀၀ ၊ အရက်ပြန် တစ်ပုံး၊ လက်အိတ် ၂၀၀ နှင့် ဆေးဝါးများကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရှိ ပရဟိတအသင်းများသို့ အောက် ဆီဂျင်အိုး ၁၄ လုံးကို လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ် သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံး နှင့် ကလေးမြို့ သီတဂူစက္ခုဒါန ဆေးရုံရှိ အောက်ဆီဂျင်စက်ရုံ အတွက် အလှူငွေကျပ် ၄၃ သိန်း တို့ကို လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် အိုး အလုံး ၄၀ နှင့် တောင်သာမြို့ ပြည်သူ့ဆေးရုံသို့ တောင်သာမြို့ ဘိုးဘွားရိပ်သာရှိ အောက်ဆီဂျင် စက်ရုံမှ ထွက်ရှိသော အောက်ဆီ ဂျင် အိုး ၂၀ တို့ကို လည်းကောင်း နယ်မြေခံတပ်မတော်သား၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် လူမှု ကူညီရေး အဖွဲ့အစည်းများ က သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက် ဆီဂျင် လိုအပ်ချက်များ မရှိစေရေး အတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့် လည်း တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးတွင် Oxygen Plant များ ကို တပ်ဆင်ထုတ်လုပ်ပေးလျက် ရှိရာ ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် ရန်ကင်း ကိုဗစ်ကုသရေးစင်တာ ရှိ အောက်ဆီဂျင်စက်ရုံအသစ် တည်ဆောက်ပြီးစီးမှု၊ သင်္ဃန်း ကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီ အားကစားကွင်း၌ တည်ဆောက် နေသော ကိုဗစ်-၁၉ ရောဂါ ကုသ ရေးစင်တာနှင့် အဆိုပါစင်တာတွင် ထားရှိမည့် အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင်စက် ထားရှိမည့် မြေနေရာတို့ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ မြို့၊ အိမ်မဲမြို့နှင့် ပန်းတနော်မြို့ များ၌အောက်ဆီဂျင်စက်တပ်ဆင် နေမှုကို လည်းကောင်း သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝန်ကြီးချုပ်များနှင့်တိုင်းမှူး များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်