
နေပြည်တော် ဩဂုတ် ၁၆
တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုး များ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာန များ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
သွားရောက်လှူဒါန်း
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ အောက်ဆီဂျင် အိုး ၂၀ ကိုလည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့ တက္ကသိုလ်(၁၀)မြို့နယ် ကိုဗစ်စင်တာသို့ တစ်ကိုယ် ရေသုံး ကာကွယ်ရေးဝတ်စုံ ၅၀၊ နှာခေါင်းစည်း ၁၀ ဖာ၊ Surgical Gloves ၅၀၊ အောက်ဆီဂျင်အိုး ငါးလုံးနှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကလိန် အောင်မြို့ ကံပေါက် တပ်မတော်ဆေးရုံများသို့ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီဂျင် အိုး ၁၀၅ လုံးကို လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ သံမဏိစက်ရုံရှိ အောက်ဆီဂျင် စက်ရုံမှ ထွက်ရှိသော အောက်ဆီဂျင်အိုးများအနက် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ အိုး ၈၀၊ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံသို့ အိုး ၆၀၊ ပြင်ဦးလွင် အခမဲ့နာရေးကူညီမှုအသင်းသို့ ၁၀ လုံး၊ ပုလဲပရဟိတ အသင်းသို့ ၁၀ လုံး၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့သို့ အိုး ၅၀၊ ဗြဟ္မစိုလူမှုကူညီရေး အသင်းသို့ ငါးလုံး၊ ရေဦးပြည်သူ့ဆေးရုံသို့ ၁၀ လုံး၊ ဝမ်းတွင်း ပြည်သူ့ဆေးရုံသို့ ၁၅ လုံး၊ နောင်ချိုပြည်သူ့ ဆေးရုံသို့ ၁၀ လုံးနှင့် ကျောက်ပန်းတောင်းမြို့ သုဂတိရှင် နာရေးကူညီမှုအသင်း အောက်ဆီဂျင် စက်ရုံမှ ထွက်ရှိသော အောက်ဆီဂျင်အိုး ၂၀ ကို ကျောက်ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံသို့ လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့ အစည်းများက သွားရောက်လှူဒါန်းကြရာ တာဝန် ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင်လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက အောက်ဆီဂျင်စက်ရုံ များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် အောက်ဆီဂျင်စက်ရုံများကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ဈေးကုန်းဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ ပျဉ်းမနားမြို့ပိုင် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုများကို လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့ တက္ကသိုလ်(၁၀)မြို့နယ် ကိုဗစ်ကုသရေးစင်တာရှိ ဘားအံဆောင်၌ ကိုဗစ်-၁၉ လူနာများကို လွယ်ကူလျင်မြန်စွာ ကျန်းမာရေးစစ်ဆေး နိုင်ရန်အတွက် ရွေ့လျားကွန်ပျူတာသုံး ဓာတ်မှန် ရိုက်စက် တပ်ဆင်အသုံးပြုမှုကို လည်းကောင်း၊ ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူ့ဆေးရုံ၌ တပ်မတော်က လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်ဖြန့်ဖြူးနေမှုနှင့် ချင်းပြည်နယ် အရေးပေါ်ရန်ပုံငွေမှ ဝယ်ယူသည့် အောက်ဆီဂျင်စက်ရုံထားရှိမည့်နေရာ အဆောက် အအုံ ဆောက်လုပ်မှုကို လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့ ခရိုင်ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင် စက်ရုံ အဆောက်အအုံ တည်ဆောက်ပြီးစီးမှုနှင့် ဆက်စပ်ပစ္စည်းများ စတင်တပ်ဆင်မှုကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ တပ်မတော် ဆေးရုံ၌ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုများနှင့် ထပ်မံတည်ဆောက်မည့် နေရာ၌ စက်ပစ္စည်းများ သယ်ဆောင်နေမှုများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများနှင့် တိုင်းမှူးများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်