တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

 

နေပြည်တော်   ဩဂုတ်  ၁၅


ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု  ပိုးတွေ့လူနာများနှင့်   သီးသန့် စောင့်ကြည့်ရမည့်သူများကို  ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင် အိုးများ၊   ရောဂါကာကွယ်ရေး   အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာန များ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များသို့ ပေးပို့ လှူဒါန်းလျက်ရှိသည်။

 

ထိုသို့   လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ      ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀) သို့ အောက်ဆီဂျင် အလုံး ၁၂၀ အား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရှိ ပရဟိတအသင်းများသို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၂၃ လုံး အား လည်းကောင်း၊  စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ အထွေထွေ ရောဂါကု  ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့်   လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး    ၁၀၅  လုံး အား လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၊  တိုင်းမှူးများ၊ ဌာနဆိုင်ရာ    ဝန်ထမ်းများနှင့် လူမှုကူညီရေး  အဖွဲ့အစည်းများ က     သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက  လက်ခံယူခဲ့ ကြသည်။


ထို့ပြင်   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီ ဂျင်   လိုအပ်ချက်များ   မရှိစေရေး အတွက်   ကျန်းမာရေးဝန်ကြီး ဌာနမှ   Oxygen Plant  များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင်   Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ        ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်- ၁၀၀၀)ရှိ အောက်ဆီဂျင် စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ် နေမှုအခြေအနေများအား လည်း ကောင်း၊ ကရင်ပြည်နယ် မြဝတီ မြို့ အမှတ်(၆)ရပ်ကွက်အတွင်း၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက် နေမှုအခြေအနေများအား လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နှင့်     ကျိုက်လတ် မြို့နယ်တို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု  အခြေအနေ များအား လည်းကောင်း သက်ဆိုင် ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ   တာဝန်ရှိသူများနှင့်    တိုင်းမှူး များက    သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ     ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း   သတင်း ရရှိသည်။


သတင်းစဉ်