တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေလှူဒါန်း

 

နေပြည်တော်   ဩဂုတ်  ၁၄


တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့်      အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီ ရေးအသင်းအဖွဲ့များသို့   ပေးပို့ လှူဒါန်းလျက်ရှိသည်။

 


ထိုသို့    လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ        ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်- ၁၀၀၀) သို့ အောက်ဆီဂျင် အိုး အလုံး ၂၀ ကိုလည်းကောင်း၊ မွန်ပြည်နယ်   မော်လမြိုင်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းသို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၃၀ နှင့် Flow Meter ၃၀ တို့ကို လည်းကောင်း   (အပေါ်ယာပုံ)၊   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ငပုတောမြို့နှင့်  ကြံခင်းမြို့များရှိ  ပြည်သူ့ဆေးရုံများနှင့်   ပရဟိတ အသင်းများသို့ Oxygen Concen-trator နှစ်လုံး၊ Oxygen Flow Meter  သုံးခု၊  လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး   ၃၃   လုံးတို့ကို လည်းကောင်း၊    စစ်ကိုင်းတိုင်း ဒေသကြီး   မုံရွာမြို့  အထွေထွေ ရောဂါကု   ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ်  အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့်   လီတာ  ၄၀  ဆံ့ အောက်ဆီဂျင်အိုး   ၁၀၅   လုံးကို လည်းကောင်း၊    မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း မြို့ ဘူတာရပ်ကွက်ရှိ သုဂတိရှင် နာရေးကူညီမှုအသင်းရုံး၌Oxygen Plant စက်ရုံအတွက် အလှူငွေ ကျပ်   သိန်း  ၅၀၀ ၊ တောင်သာမြို့ အမှတ်(၆)ရပ်ကွက်ရှိ  ဘိုးဘွား ရိပ်သာ၌   Oxygen Plant စက်ရုံ အတွက် အလှူငွေကျပ် သိန်း ၁၀၀ နှင့်   မြင်းခြံမြို့   အမှတ်(၁၃)ရပ်ကွက်   မင်းကျောင်းတိုက်ရှိ အာယုပါလကုသိုလ်ဖြစ် ဆေးခန်း ၌    Oxygen   Plant စက်ရုံတည် ဆောက်ရန်အတွက်   အလှူငွေ ကျပ်သိန်း ၂၀၀  တို့ကိုလည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီး မိုးညို မြို့ ပြည်သူ့ဆေးရုံသို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး  ၃၅  လုံး တို့ကိုလည်းကောင်း  တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေး   အဖွဲ့အစည်းများ က  သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြသည်။

 


ထို့ပြင်   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီ ဂျင် လိုအပ်ချက်များ မရှိစေရေး အတွက်   ကျန်းမာရေးဝန်ကြီး ဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ်       နယ်မြေ အသီးသီးတွင်   Oxygen  Plant များကို    တပ်ဆင်ထုတ်လုပ်ပေး လျက်ရှိရာ ယနေ့တွင် ရှမ်းပြည် နယ် (တောင်ပိုင်း) တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး အတွင်းရှိ Oxygen Plant စက်ရုံမှ  အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုများကို  လည်းကောင်း၊ မွန်ပြည်နယ်            မော်လမြိုင်မြို့ ရွှေနတ်တောင်ရေသန့်စက်ရုံဝင်း အတွင်းရှိ ရွှေ့လျားအောက်ဆီဂျင် ထုတ်စက်ရုံ   စတင်လည်ပတ် ထုတ်လုပ်မှုနှင့်  Liquid  အောက် ဆီဂျင်စက်ရုံ   တည်ဆောက်မှုကို လည်းကောင်း၊   တနင်္သာရီတိုင်း ဒေသကြီး  ထားဝယ်မြို့   မြောင်း ပုလဲမြို့သစ်ရပ်ကွက်ရှိ  Oxygen Plant စက်ရုံမြေနေရာသို့ စက်ရုံ သုံးပစ္စည်းများ ရောက်ရှိလာမှုကို လည်းကောင်း၊   ရခိုင်ပြည်နယ် အမ်းမြို့  အေးရိပ်သာဘုန်းတော် ကြီးကျောင်း၌    အောက်ဆီဂျင် စက်ရုံ   တည်ဆောက်နေမှုကို လည်းကောင်း၊   မန္တလေးတိုင်း ဒေသကြီး  ကျောက်ပန်းတောင်း မြို့ ဘူတာရပ်ကွက်ရှိ သုဂတိရှင် နာရေးကူညီမှု      အသင်းရုံး၊ တောင်သာမြို့      အမှတ်(၆) ရပ်ကွက်ရှိ   ဘိုးဘွားရိပ်သာနှင့် မြင်းခြံမြို့  အမှတ်(၁၃)ရပ်ကွက် မင်းကျောင်းတိုက်ရှိ   အာယုပါလ ကုသိုလ်ဖြစ်    ဆေးခန်းတို့၌ Oxygen   Plant   စက်ရုံတည် ဆောက်နေမှုနှင့်   စတင်ဖွင့်လှစ် လည်ပတ်နေမှုကို   လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး    ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး အတွင်းရှိ Oxygen Plant စက်ရုံ တည်ဆောက်နေမှု  အခြေအနေ များကိုလည်းကောင်း သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် များမှ  တိုင်းမှူးများနှင့် တာဝန် ရှိသူများက   သွားရောက်ကြည့်ရှု ၍ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးပြီး အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။                      

 

သတင်းစဉ်