
နေပြည်တော် ဩဂုတ် ၁၂
တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုး များ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာန များ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်- ၁၀၀၀) သို့ အောက်ဆီဂျင် အလုံး ၂၀ ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်များရှိ နယ်မြေခံတပ်မတော် ဆေးရုံများနှင့် ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)သို့ တပ်မတော်ရေမှပြုလုပ် သည့် အောက်ဆီဂျင်အိုးတင်လှည်းများကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် အိမ်မဲမြို့များရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတ အသင်းများသို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၅၅ လုံးကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အထွေထွေရောဂါ ကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ်အောက်ဆီဂျင် စက်ရုံမှ ထုတ်လုပ်သည့် လီတာ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၀၅ လုံး ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးအလုံး ၅၀ နှင့် မိတ္ထီလာ ပြည်သူ့ဆေးရုံသို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၄၀ တို့ကိုလည်းကောင်း တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံတပ်မတော်သားများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့အစည်း များက သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင်လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေး လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏစက်မှုဇုန်ရှိ စိမ်းတက်အောင်ကုမ္ပဏီပိုင် စက်ရုံဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်နေမှုများကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးမြို့နယ်ပြည်သူ့ဆေးရုံးအနီးရှိ Oxygen Plantနှင့် လှည်းကူးမြို့နယ်ရှိ တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀)၌ စေတနာရှင် အလှူရှင် တစ်ဦးက လှူဒါန်းထားသည့် Oxygen Plant တို့၌ စက်လည်ပတ်နိုင်မှုနှင့် အောက်ဆီဂျင်ထုတ်လုပ်နိုင် မှုအခြေအနေများကို လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့ ရွှေစေတီဘုန်းကြီးကျောင်း အတွင်း အောက်ဆီဂျင်စက်ရုံ(ရွှေစေတီ)တည်ဆောက် နေမှု၊ ဝမ်းတွင်းမြို့ အမှတ် (၂)ရပ်ကွက်၊ မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်နှင့် ရမည်းသင်းမြို့တို့၌ Oxygen Plant များ တည်ဆောက်နေမှုတို့ကို လည်းကောင်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကောင်စီဥက္ကဋ္ဌများ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်