တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေလှူဒါန်း

နေပြည်တော်   ဩဂုတ်   ၈


ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု  ပိုးတွေ့လူနာ များနှင့်     သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ       ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို  တစ်ဖက်တစ်လမ်း မှ အထောက်အကူပြုစေရန် တပ်မတော်နှင့်အလှူရှင် များက အောက်ဆီဂျင်အိုးများ၊  ရောဂါကာကွယ်ရေး     အထောက်အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊   ကျန်းမာရေးဌာနများ၊  ကိုဗစ်စင်တာ များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များသို့  ပေးပို့ လှူဒါန်းလျက်ရှိသည်။


သွားရောက်လှူဒါန်း


ထိုသို့     လှူဒါန်းလျက်ရှိရာ   ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင် နေသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်  ရာများ၊ လားရှိုးမြို့ ချစ်ခြင်းမေတ္တာဂေဟာရှိ ကလေး များနှင့် ခါနန်(AG) လူမျိုးပေါင်းစုံ အလင်းအိမ်ဂေဟာရှိ  ကလေးများအတွက်  ဆန်၊ ဆီ၊ အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊  ရှမ်း ပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့ ပြည်သူ့ဆေးရုံနှင့် လွိုင်လင်မြို့    နည်းပညာတက္ကသိုလ်(ပင်လုံ)တို့ရှိ ကိုဗစ်-၁၉  ရောဂါ   အတည်ပြုလူနာများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဧရာဝတီ  တိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ရှစ်လုံးနှင့် ပုသိမ်မြို့  အထွေထွေ ရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)  သို့   Oxygen Flow  Meter ၁၀၀ နှင့် အောက်ဆီဂျင်အိုး ၁၀၀ တို့ကို လည်းကောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့  ပြည်သူ့ဆေးရုံကြီးသို့    မိဘဂုဏ်အောက်ဆီဂျင် စက်ရုံမှထုတ်လုပ်သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံးနှင့် ပဲခူးတိုင်းဒေသကြီး  ပဲခူးမြို့  အထွေထွေ ရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး အလုံး ၂၅၀၊  တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ အောက်ဆီ ဂျင်စက် ငါးလုံး၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ  ၃၀၀ နှင့်   ပဲခူးမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊   ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများ၊  မြန်မာနိုင်ငံ   မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊  စည်ပင်သာယာရေး အဖွဲ့များနှင့် စေတနာ့ဝန်ထမ်းပရဟိတအသင်းအဖွဲ့ များကို  ဆန်၊  ပဲနှင့်  စားသောက်ဖွယ်ရာများကို လည်းကောင်း    သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ   ဝန်ကြီးချုပ်များ၊   သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ နယ်မြေခံ တပ်မတော်သားများ၊  ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက     အသီးသီး သွားရောက်လှူဒါန်းကြရာ   တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ အောက်ဆီဂျင်ထုတ်လုပ် သည့်စက်ရုံများကို  တိုးမြှင့်တပ်ဆင်လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ်  နယ်မြေအသီးသီးတွင် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံများကို    တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်  ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ   အောက်ဆီဂျင်ထုတ်လုပ်   ဖြန့်ဖြူးနေမှုကိုလည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး  ရေကြည်မြို့၌ အောက်ဆီဂျင်စက်ရုံ       တည်ဆောက်နေမှုများကို လည်းကောင်း    သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  ဝန်ကြီးချုပ်များ၊  တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး  လိုအပ် သည်များ     ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။                          

 

    သတင်းစဉ်