တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

 

နေပြည်တော် ဇူလိုင်  ၂၈


ကိုဗစ်-၁၉ ရောဂါ  ဓာတ်ခွဲအတည် ပြု   ပိုးတွေ့လူနာများနှင့်  သီးသန့် စောင့်ကြည့်     ရမည့်သူများကို     ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင်  အောက်ဆီဂျင် လိုအပ် ချက်များကို    တစ်ဖက်တစ်လမ်း မှ     အထောက်အကူပြုစေရန် အတွက်      တပ်မတော်နှင့် အလှူရှင်များက  အောက်ဆီဂျင် အိုးများကို  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ   ပြည်သူ့ ဆေးရုံများ၊   တပ်မတော်ဆေးရုံ များ၊   ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့     ပေးပို့ လှူဒါန်းလျက်ရှိသည်။

 


ထိုသို့   လှူဒါန်းလျက်ရှိရာ ယနေ့တွင်         နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် နေပြည်တော်   ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့ အောက်ဆီဂျင် အိုး အလုံး ၅၀ ကို   နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ           နယ်မြေခံ တပ်မတော်သားများက  လည်း ကောင်း၊  ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ သာပေါင်းမြို့၊ မအူပင် မြို့နှင့်   ဓနုဖြူမြို့များရှိ  ပြည်သူ့ ဆေးရုံများနှင့်    ပရဟိတအသင်း များသို့   အောက်ဆီဂျင်အိုး လီတာ ၄၀ဆံ့   ၉၉ လုံးတို့ကို အနောက် တောင်တိုင်းစစ်ဌာနချုပ်မှ   နယ် မြေခံ     တပ်မတော်သားများက လည်းကောင်း၊    စစ်ကိုင်းတိုင်း ဒေသကြီး   မုံရွာမြို့ရှိ  အထွေထွေ ရောဂါကု     ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး  လီတာ ၄၀ ဆံ့ အိုးအလုံး ၉၀ ကို အနောက်မြောက် တိုင်းစစ်ဌာနချုပ်မှ     နယ်မြေခံ တပ်မတော်သားများ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊   မီးသတ်တပ်ဖွဲ့ ဝင်များနှင့်       စေတနာ့ဝန်ထမ်း များက  လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး      မြင်းခြံခရိုင်      ပြည်သူ့ဆေးရုံကြီသို့ အောက်ဆီ ဂျင်အိုး အလုံး  ၂၀ ကို အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ    နယ်မြေခံ တပ်မတော်သားများက  လည်း ကောင်း၊    ပဲခူးတိုင်းဒေသကြီး  မိုးညိုမြို့နှင့်  နတ်တလင်းမြို့တို့ရှိ          ပြည်သူ့ဆေးရုံများသို့ အောက်ဆီ ဂျင်အိုး ၆၅ လုံးတို့ကို တောင်ပိုင်း တိုင်း   စစ်ဌာနချုပ်မှ  နယ်မြေခံ  တပ်မတော်သားများက ပရဟိတ    အဖွဲ့အစည်းများနှင့်  ပူးပေါင်း၍  လည်းကောင်း      သွားရောက် လှူဒါန်းကြရာ  တာဝန်ရှိသူများ က  လက်ခံရယူကြသည်။

 


ထို့ပြင်   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌  အောက်ဆီ ဂျင်  လိုအပ်ချက်များ  မရှိစေရေး အတွက်       ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို   တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး  တပ်မတော် အနေဖြင့်လည်း  တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို  တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိကြောင်း  သတင်းရရှိ သည်။                      

 

သတင်းစဉ်