တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

 

နေပြည်တော်   ဇူလိုင်   ၂၅


ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့်   ကိုဗစ်စင်တာများသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
 

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)  သို့ အောက်ဆီဂျင်အိုးအလုံး  ၅၀ ကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ        နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊  ဧရာဝတီ တိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့၊ ငပုတောမြို့နှင့် ဇလွန်မြို့တို့ရှိ ပြည်သူ့ဆေးရုံများသို့ အောက်ဆီဂျင် အိုး ၂၅ လုံးကို  အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက  လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး   မင်းလှမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး အလုံး ၅၀ နှင့် နတ်တလင်းမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး အလုံး ၅၀ တို့ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများကလည်းကောင်း  သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။

 


ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant   များကို     တိုးမြှင့်တပ်ဆင်လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့်လည်း    တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင်  Oxygen   Plant   များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိကြောင်း   သတင်း ရရှိသည်။


သတင်းစဉ်