တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာ့စီးပွားရေးဘဏ်များနှင့်ဘဏ်ခွဲအသီးသီးတို့၌ အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာများ အဆင်ပြေချောမွေ့စွာထုတ်ပေးလျက်ရှိ

နေပြည်တော်  ဖေဖော်ဝါရီ   ၂၂    


တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြန်မာ့စီးပွားရေးဘဏ်များနှင့်ဘဏ်ခွဲများတွင် အငြိမ်းစားဝန်ထမ်းများ လွယ်ကူချောမွေ့စွာပင်စင်လစာများ ထုတ်ယူနိုင်စေရန် အတွက် ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာဘဏ်များ၌ဆောင်ရွက်ပေးလျက်ရှိရာ  ပင်စင်စား  အငြိမ်းစားဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ  လာရောက်ထုတ်ယူ လျက်ရှိကြောင်း သိရှိရသည်။


ကူညီဆောင်ရွက်ပေး


ပင်စင်လစာထုတ်ပေးမှုတွင် သက်ဆိုင်ရာမြို့နယ်များအလိုက် မြန်မာ့စီးပွားရေးဘဏ်များနှင့်ဘဏ်ခွဲများရှေ့သို့ ရောက်ရှိလာကြသော အငြိမ်းစားဝန်ထမ်းများအား တုံကင်ကတ်ပြားများပေးဝေကာ  ၃ ဦးတစ်ဖွဲ့၊ ၅ ဦးတစ်ဖွဲ့၊ ၈ ဦးတစ်ဖွဲ့၊ ၁၀ ဦးတစ်ဖွဲ့စီ ဖြင့် အစီအစဉ်တကျဘဏ်အတွင်းသို့ ဝင်ရောက်ထုတ်ယူစေခဲ့ကြောင်း  သိရသည်။


ထိုသို့ပင်စင်လစာများထုတ်ပေးမှုတွင် စနစ်တကျလွယ်ကူစွာ  ထုတ်ယူနိုင်စေ  ရန်  ဘဏ်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုအပ် သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


အဆင်ပြေစွာထုတ်ယူနိုင်


အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများ လစဉ် ၂၁ ရက် တစ်ရက်တည်း တွင်သာ စုပြုံထုတ်ယူခြင်းအစား လစဉ် ၂၁ ရက်နောက်ပိုင်း ဘဏ်ဖွင့်သည့်ရက်များတွင် ထုတ်ယူခြင်း၊ Mobile Money စနစ်အသုံးပြု၍  နီးစပ်ရာ  Mobile Agent များတွင် ထုတ်ယူခြင်းတို့ဖြင့် အဆင်ပြေစွာထုတ်ယူနိုင်ကြောင်း သိရသည်။


သတင်းစဉ်