
နေပြည်တော် အောက်တိုဘာ ၃၁
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသ ကြီး အင်းစိန်မြို့နယ်၊ ဧရာဝတီ တိုင်းဒေသကြီး ကျိုက်လတ်မြို့ နှင့် ငပုတောမြို့၊ မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ် နှင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တို့၌ ပြုလုပ်ကြ ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပါသည်။ အမျိုးဘာသာ သာသနာကိုစောင့် ရှောက်သော မြန်မာ့တပ်မတော် အား ထောက်ခံပါသည်၊ NUG ၊ CRPH ၊ PDF အကြမ်းဖက်သမား အလိုမရှိ၊ NUG ၊ CRPH ၊ PDF အကြမ်းဖက် လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စု မပြို ကွဲရေး ဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပ အားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်း ရေး ပြည်ပစွက်ဖက်မှုအလို မရှိ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီလုပ်ငန်းစဉ်(၅) ရပ်အား ထောက်ခံပါသည်၊ ဒီမိုကရေစီ အရေခြုံကွန်မြူနစ်လုပ်ရပ်ကျဆုံးပါစေ၊ NUG ၊ PDF အကြမ်းဖက်မှု အမြစ်ဖြတ်၊ NUG ၊ PDF အကြမ်း ဖက်မှုတွေ မြင်အောင်ကြည့်၊ NUG ၊ PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှု ချက်ချင်းရပ် ’’ စသည့် စာသားပါ ဆိုင်းဘုတ်များ ကို ကိုင်ဆောင်ကြွေးကြော် ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်