တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲများပြုလုပ်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂

 


၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ    ဆောင်ရွက်လျက်ရှိသည့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား   ထောက်ခံပွဲကို  ယနေ့တွင်  ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်လန်မြို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး  ဗဟန်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့နယ်နှင့် တောင်သာမြို့နယ်တို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် လေးမြို့နယ်တို့၌ လည်းကောင်း ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 


ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်သော မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်၊ NUG ၊ CRPH ၊ PDF အကြမ်းဖက်သမားအလိုမရှိ၊ NUG ၊ CRPH ၊ PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား  ဆန့်ကျင်ကြ၊   တိုင်းပြည်ပြိုကွဲ အောင်      ကြံဆောင်သူမှန်သမျှ    ဆန့်ကျင်ကြ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့    တပ်မတော်နဲ့ လက်တွဲစို့၊ တိုင်းပြည်သာယာအေးချမ်းရေး တပ်နဲ့ ပြည်သူလက်တွဲပေး၊ မြန်မာ့ပြည်တွင်းရေး ပြည်ပ စွက်ဖက်မှုအလိုမရှိ၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ လုပ်ငန်းစဉ်(၅)ရပ်အား ထောက်ခံပါသည်၊ ပြည်ဖျက်သည့် CRPH၊ NUG လူသတ်သည့် PDF ဆန့်ကျင်ကြ၊ NUG၊ PDF အကြမ်းဖက်မှုအမြစ်ဖြတ်၊ NUG၊ PDF အကြမ်းဖက်မှုတွေ မြင်အောင်ကြည့်၊ NUG၊ PDF ရဲ့   ပြည်သူ့အပေါ်  အကြမ်းဖက်မှု ချက်ချင်းရပ်’’ စသည့်  စာသားပါ   ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော်ခဲ့ကြကြောင်း   သတင်းရရှိ သည်။ 


သတင်းစဉ်