တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲများ ပြုလုပ်

 

 

နေပြည်တော် အောက်တိုဘာ  ၂၆


၂၀၀၈   ခုနှစ်   ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား   ထောက်ခံပွဲကို ယနေ့တွင် ရှမ်းပြည်နယ် (မြောက် ပိုင်း) ကွမ်းလုံမြို့၊  လောက်ကိုင် မြို့နှင့်     မိုင်းရယ်မြို့တို့၌လည်း ကောင်း၊ ရှမ်းပြည်နယ် (တောင် ပိုင်း)      ရပ်စောက်မြို့နယ်နှင့် လွိုင်လင်မြို့တို့၌   လည်းကောင်း၊ ရှမ်းပြည်နယ်      (အရှေ့ပိုင်း)၊ မိုင်းတုံမြို့၌     လည်းကောင်း၊ တနင်္သာရီ       တိုင်းဒေသကြီး ထားဝယ်မြို့နှင့်   မြိတ်မြို့တို့၌ လည်းကောင်း၊    ဧရာဝတီ တိုင်းဒေသကြီး    ပုသိမ်မြို့၌လည်း ကောင်း၊ ရခိုင်ပြည်နယ်  တောင် ကုတ်မြို့၊ ကျောက်ဖြူမြို့နှင့် ဂွမြို့ တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး  မော်လိုက်မြို့၌လည်း ကောင်း၊   ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့၊   အုတ်တွင်းမြို့၊ ပေါက်ခေါင်းမြို့တို့၌    လည်း ကောင်း    ပြုလုပ်ကြပြီး    ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပါသည်၊ အမျိုးဘာသာ     သာသနာကို စောင့်ရှောက်သော    မြန်မာ့ တပ်မတော်အား    ထောက်ခံပါ သည်၊  NUG   CRPH  PDF အကြမ်းဖက်သမား       အလိုမရှိ၊  NUG CRPH PDF အကြမ်းဖက် လုပ်ရပ်များအား   ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာ အာဏာ         တည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး ပုဆိန်ရိုး များအား ဆန့်ကျင်ကြ၊ မြန်မာ့ ပြည်တွင်းရေး  ပြည်ပဖြည့်စွက်မှု အလိုမရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ လုပ်ငန်းစဉ်(၅) ရပ် အား ထောက်ခံပါသည်၊ ဒီမိုကရေစီ အရေခြုံကွန်မြူနစ်လုပ်ရပ်ကျဆုံးပါစေ၊ NUG PDF အကြမ်းဖက်မှု အမြစ်ဖြတ်၊ NUG PDF အကြမ်း ဖက်မှုတွေ မြင်အောင်ကြည့်၊ NUG PDFရဲ့ ပြည်သူ့အပေါ် အကြမ်းဖက် မှု ချက်ချင်းရပ်’’  စသည့် စာသား ပါ  ဆိုင်းဘုတ်များအား ကိုင်ဆောင် ကြွေးကြော်ခဲ့ကြကြောင်း သတင်း ရရှိသည်။                  သတင်းစဉ်