
နေပြည်တော် အောက်တိုဘာ ၁၉
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံ နေကြရသော နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူများနှင့် တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်းခံနေရသူများ ကို အောက်တိုဘာ ၁၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈၆/၂၀၂၁ နှင့် ၁၈၇/၂၀၂၁ တို့ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ကိုက်ညီသည့် အကျဉ်းသား၊ အကျဉ်းသူများနှင့် တရားစွဲဆိုခြင်းခံနေရသူ များကို ပြန်လည်စေလွှတ်လျက်ရှိရာ ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်း ထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူများနှင့် တရား ရုံးအသီးသီးတွင် တရားစွဲဆိုခြင်းခံနေရသူများကို နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့သည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်စေလွှတ်မှုနှင့် ပတ်သက်၍ ယခုလိုပဲ ကြားသိရပါသည်။
အကျဉ်းသားတစ်ဦး၏မိခင်
ကျွန်မသားလေးက ၅၀၅(က)နဲ့ အဖမ်းခံခဲ့ရတာပါ။ သူလွတ်တဲ့ အပေါ်မှာခံစားချက်ကတော့ ကျွန်မ အလွန်ကိုပျော်ရွှင်ပြီး အလွန်ကို ကြည်နူးမိပါတယ်။ မနေ့ညက ဆိုရင် အိပ်လို့တောင် မပျော်ပါဘူး၊ မနေ့က သိရကတည်းက အခုချိန် အထိ ထမင်းလည်း မစားရ သေးပါဘူး၊ သားဇောနဲ့ မနက်အစောကြီး ကတည်းက ရောက်နေတာပါ၊ လွတ်လာတဲ့ ကလေးတွေလည်း အလွန် ဝမ်းသာမိတယ်၊ ကိုယ့်အတွက် လည်း အလွန်ဝမ်းသာမိပါတယ်၊ သား လေးက အခု (၁၉)နှစ်ပါ၊ (၁၀)တန်းပြန်ဖြေဖို့ လုပ်ထားတဲ့ ကျောင်းသားပါ၊ ဒါပေမယ့် သူ့ အနာဂတ်ကို ပြောရမယ်ဆိုလို့ ရှိရင် သူ့သဘောအတိုင်းပဲ၊ သူပြန်လာလို့ရှိရင် သူ့ဆန္ဒရှိတဲ့ အတိုင်းလုပ်ပေးဖို့ ကျွန်မစိတ်ထဲ မှာရှိတယ်၊ ကျွန်မတို့ဆန္ဒအတိုင်း တော့ ကျွန်မသားသမီးကိုကျွန်မ မလုပ်ပေးပါဘူး၊ ကျွန်မဖြစ်ချင်တဲ့ အတိုင်းဖြစ်အောင် သူ့ကို ကျွန်မ က ဒါလုပ်ရမယ်၊ ဟိုဟာလုပ်ရ မယ်လို့လည်း ကျွန်မမပြောဘူး၊ သူ့ရင်ထဲမှာ ဘာဖြစ်တယ်၊ သူဘာလုပ်ချင်တယ်ဆိုတာကိုပဲ ကျွန်မက သူလုပ်ချင်တဲ့အတိုင်း လုပ်ပေးဖို့ မိဘတစ်ယောက် အနေနဲ့ အဲဒီလောက်တော့ ကျွန်မ ဆန္ဒရှိပါတယ်။
အကျဉ်းသားတစ်ဦး၏အစ်ကို
ကျွန်တော့်ညီလေး ဆန္ဒပြပွဲမှာ အဖမ်းခံလိုက်ရလို့ပါ၊ အလွန် စိတ်ပူတယ်၊ ဒီနေ့ပြန်လွတ်မယ် သတင်းကြားလို့ လာကြိုတာ၊ အိမ် က မိသားစုက တော်တော်လေး ပျော်နေတာပေါ့၊ အမေကလည်း သူ့ကို တအားမျှော်နေတာ၊ အဖေ ကတော့ အလွန်ကို ပျော်နေတာ၊ ကျွန်တော့်လိုပဲ အခြားမိသားစု တွေလည်း ပျော်နေမယ်လို့ထင်ပါ တယ်၊ ညီလေးက (၁၀)တန်း ပါ၊ ကျောင်းဆက်ထားပေးမယ်၊ ပြီးသွားရင် သူဖြစ်ချင်တဲ့ဆန္ဒ အတိုင်း လုပ်ပေးမယ်၊ ဒါပေမယ့် သူ့ကို အနာဂတ်ကောင်းအောင် ကျွန်တော်တို့က သွန်သင်ဆုံးမ ရမှာပေါ့၊ နောက်တစ်ခါ ဒါမျိုး လမ်းမှား မရောက်အောင် သွန်သင်ပေးမယ်၊ သူ့အနာဂတ် အတွက် လှပအောင် ကျွန်တော် ကြိုးစားပေးမယ်၊ အခုလိုလွှတ်ပေး တဲ့အတွက် နိုင်ငံတော် အကြီး အကဲနှင့်တကွ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များကိုလည်း အထူးကျေးဇူးတင်ပါတယ်။
အကျဉ်းသားတစ်ဦး၏ဇနီး
ကျွန်မအမျိုးသားကို လာကြိုတာ ပါ၊ ပြန်လွတ်မယ့်အထဲမှာ ကျွန်မ ရဲ့ အမျိုးသားပါတယ်ဆိုလို့ အတိုင်းမသိ ဝမ်းသာပါတယ်၊ အချုပ်ထဲကျတာကတော့ ၆ လ ကျော်ကျော် ၇ လလောက်ရှိပါပြီ၊ သူအချုပ်ထဲ ကျတဲ့အချိန်မှာ ကျွန်မအတွက် စားဝတ်နေရေး အလွန်ခက်ခဲပါတယ်၊ အိမ်မှာ အမေကလည်း နေမကောင်းပါဘူး၊ အခုလို ပြန်လွတ်လာမယ်ဆိုတော့ ကျွန်မတို့အတွက် နည်းနည်း အသက်ရှူ ချောင်မယ်လို့တော့ ထင်ပါတယ်၊ သူကလည်း လိမ္မာ မယ်လို့တော့ထင်ပါတယ်၊ အခုလို ပြန်လွှတ်ပေးတဲ့ နိုင်ငံတော်အကြီး အကဲနှင့် လူကြီးမင်းများအားလုံး ကို ကျေးဇူးအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ၁၀၀