တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျခံနေရသူများနှင့်  တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်းခံနေရသူများအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု

 

 

နေပြည်တော်  အောက်တိုဘာ   ၁၈


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် သီတင်းကျွတ်အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော် သစ်   တည်ဆောက်နေချိန်တွင်   ပြစ်ဒဏ်ကျ  အကျဉ်းသား၊ အကျဉ်းသူများမှလည်း   တစ်ဖက်တစ်လမ်းမှ  အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်အတွက် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို  အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမိန့်အမှတ် ၁၈၆/၂၀၂၁ နှင့် ၁၈၇/၂၀၂၁ တို့ဖြင့် အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီး တို့တွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၁၃၁၆ ဦးနှင့် တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်းခံနေရသူ ၄၃၂၀ တို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့သည်။
ထိုသို့ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူများအား ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက   ၎င်းပြစ်ဒဏ်အပြင်  ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ   ဆက်လက်ကျခံပါမည်” ဟူသော  စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုကာ ယနေ့ညနေပိုင်းမှ စတင်၍ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်