တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျခံနေရသူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

 

နေပြည်တော်  ဩဂုတ်   ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည်  မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်  ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက် သည့် ဓမ္မစကြာအခါတော်နေ့အားဖြင့်  လည်းကောင်း၊ ပြည်သူလူထု    နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို   အလေးထား သောအားဖြင့်လည်းကောင်း၊   တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့်   ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှု သောအားဖြင့်လည်းကောင်း၊    နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို  ရှေးရှုသောအားဖြင့် လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော အကျဉ်း သား  အကျဉ်းသူ နိုင်ငံသား ၇၇၄၉ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦး   နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင်  တရားစွဲဆိုထားဆဲဖြစ်သော တိုင်ရင်းသားလက်နက်ကိုင်        အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၇၂ ဦးအား တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်းနှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၂၅ ဦးတို့ကို  ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ထို့သို့ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ခြင်းကြောင့် ယနေ့တွင် တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊   အချုပ်ထောင်  စခန်းအသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား အကျဉ်းသူ ၇၇၄၉ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦး နှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၂၅ ဦး တို့ကို  ရာဇဝတ်ကျင့်ထုံး  ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ  “နောက်တစ်ကြိမ်ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့်   ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုခဲ့ခြင်း၊ နိုင်ငံတော်အတွင်း  တရားရုံးအသီးသီး တွင်  တရားစွဲဆိုထားဆဲဖြစ်သော  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၇၂ ဦးအား  တရားရုံးစစ်ဆေးဆဲ       ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်း၊    သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား   အကျဉ်းသူများအနက်       ပြစ်ဒဏ် လျှော့ပေါ့သင့်သူများကို သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်း ခွင့်ပြု၍   ထောင်ဒဏ်တစ်သက်သို့  ပြောင်းလဲကျခံ ခြင်းနှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့်    ပြစ်မှုကျူးလွန်ခဲ့သည့် အကျဉ်းသူ   အကျဉ်းသားများကို ၎င်းတို့ကျူးလွန် ခဲ့သည့်    ပြစ်မှုများအရ    အကျဉ်းထောင်အတွင်း ပြစ်ဒဏ်များချမှတ်ခဲ့သော်လည်း အကျဉ်းထောင်နှင့် အကျဉ်းစခန်းများအတွင်း   လူမှုရေး၊ ကျန်းမာရေး ဆိုင်ရာများနှင့် အခြားရသင့်သည့်   လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ      ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ပေးထားသည့်အတွက် ယခုပြန်လည် လွတ်မြောက်လာသည့်အချိန်တွင်  ကျန်းမာပျော်ရွင် လျက်ရှိပြီး လာရောက်ကြိုဆိုသည့် မိဘဆွေမျိုးများ ကလည်း ဝမ်းပန်းတသာဖြင့် ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။   (အပေါ်ဝဲပုံ)                       
 သတင်းစဉ်