တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

 

နေပြည်တော်  ဇန်နဝါရီ   ၂၇


နိုင်ငံတော်  အေးချမ်းသာယာစေ ရန်၊  နိုင်ငံအဝန်း  ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့်    ပြည်သူများ စိတ်ကြည်နူး    အေးချမ်းစေရန် ရည်ရွယ်၍ တပ်မတော်သားများ နှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်   မိသားစုဝင် များ၊   ဌာနဆိုင်ရာ   အသီးသီးမှ ဝတ်ရွတ်အသင်းများက သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဓမ္မာရုံများ၊ စေတီပုထိုး များ၊ ဘုန်းတော်ကြီးကျောင်းများ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ အတွင်းအောင်ခြင်းရှစ်ပါး၊  အပြင် အောင်ခြင်းရှစ်ပါး   ပါဠိတော်၊ ဓဇဂ္ဂသုတ်အပါအဝင်   အန္တရာယ် ကင်း   ပရိတ်တရားတော်များ၊ ပဋ္ဌာန်းဒေသနာတော်များနှင့် ဇယ မင်္ဂလာ ဂါထာတော်များကို  ရွတ်ဆို ပူဇော်လျက်ရှိသည်။

 


ယနေ့တွင်    နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်များ၊ တိုင်းစစ်ဌာနချုပ်များရှိ   ဘုရားစေတီများ၊   ဘုန်းတော်ကြီး ကျောင်းများ၊ ဓမ္မာရုံများ၌ အသီး သီး ရွတ်ဖတ်ပူဇော်ကြသည်။

 


အဆိုပါ   ပရိတ်တရားတော် များ    ရွတ်ဖတ်ပူဇော်ပွဲများသို့ နေပြည်တော်ကောင်စီ၊တိုင်းဒေသ ကြီးနှင့်     ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊     တိုင်းစစ်ဌာန ချုပ်အလိုက်     တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့ များမှ       တာဝန်ရှိသူများနှင့် ဝတ်ရွတ်အသင်းများ တက်ရောက် ၍  သံဃာတော်များထံမှ  ငါးပါး သီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များအား    လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။  ထို့နောက်  သက်ဆိုင်ရာ ဝတ်အသင်းများက အတွင်းအောင် ခြင်းရှစ်ပါး၊   အပြင်အောင်ခြင်း ရှစ်ပါး ပါဠိတော်၊ ဓဇဂ္ဂသုတ်အပါ အဝင် အန္တရာယ်ကင်းပရိတ်တရား တော်များ၊ ပဋ္ဌာန်းဒေသနာတော် များနှင့် ဇယမင်္ဂလာဂါထာတော် များကို    အသီးသီး   ဆက်လက် ရွတ်ဖတ်      ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။      

သတင်းစဉ်