တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (Software) အသုံးပြုနည်း သင်တန်းဆင်းပွဲ ကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၃


တိုင်းဒေသကြီးနှင့်   ပြည်နယ်အဆင့်    မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှု စနစ်   (Software)  အသုံးပြုနည်း သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် အမှတ် ( ၃ ) စစ်ကြောရေးနှင့် တည်းခိုရေးတပ်  (ရွာတော်) ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။

 


သင်တန်းဆင်းပွဲတွင်    ပြည် ထောင်စု   ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ  ဦးသိန်းစိုးက   တိုင်းဒေသ ကြီး၊        ပြည်နယ်နှင့်    ခရိုင် ရွေးကောက်ပွဲ    ကော်မရှင်အဖွဲ့ခွဲ ရုံးများမှ    သင်တန်းသားအရာရှိ များအနေနှင့်    သင်တန်းတွင် ပို့ချပေးခဲ့သော   မဲဆန္ဒရှင်စာရင်း များ စီမံခန့်ခွဲမှုစနစ်နှင့်စပ်လျဉ်း ပြီး စနစ်တကျ  အသုံးပြုဆောင် ရွက်နိုင်မည်ဟု  ယုံကြည်ကြောင်း၊ မဲဆန္ဒရှင်စာရင်း   ပြည့်စုံမှန်ကန် ရေးသည်          ရွေးကောက်ပွဲ အောင်မြင်စွာ      ကျင်းပနိုင်ရေး အတွက်   အရေးကြီးပြီး   အဓိက ကျသည့်လုပ်ငန်းပင် ဖြစ်ကြောင်း၊ ကော်မရှင်အနေနှင့်     မဲဆန္ဒရှင် စာရင်းများ      ပြည့်စုံမှန်ကန်ရေး ကြိုတင်ပြင်ဆင်ခြင်း       လုပ်ငန်း များကို ၂၀၂၁ ခုနှစ် ဩဂုတ်လမှ စတင်       ဆောင်ရွက်ခဲ့ကြောင်း၊ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးခြင်း         လုပ်ငန်းများကို လည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ       တစ်နိုင်ငံလုံး အတိုင်းအတာနှင့်   ဆောင်ရွက်ခဲ့ ကြောင်း၊ ဆောင်ရွက်ပြီး ရရှိလာ သည့်     စာရင်းများကို    ကနဦး မဲဆန္ဒရှင်စာရင်းများ      စိစစ်ခြင်း စနစ်   ( IVLS) နှင့်  ထပ်မံစိစစ် ဆောင်ရွက်ခဲ့ပြီး  စိစစ်တွေ့ရှိချက် များကို   လစဉ်  လူဦးရေ အတိုး/အလျော့        စာရင်းပြုစုခြင်း၊ အချက်အလက်များ      ပြင်ဆင်/ဖြည့်စွက်ခြင်း၊   Cross-Check စိစစ်ခြင်းများကို     တစ်ဆင့်ပြီး တစ်ဆင့်         ဆောင်ရွက်ခြင်းဖြင့် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး စနစ် တကျ ဆောင်ရွက်ခဲ့ကြောင်း။

 


စနစ်တကျကြီးကြပ်


မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲ မှုစနစ်အသုံးပြုခြင်းဖြင့် မဲဆန္ဒရှင် စာရင်းများပြုစုရာ၌    အဆင်ပြေ လွယ်ကူစွာဖြင့်        တိတိကျကျ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် များအနေနှင့်      တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ     မြို့နယ်များ အလိုက်   မဲဆန္ဒရှင်စာရင်းများ ပြုစုခြင်း၊    စစ်ဆေးခြင်းများကို စနစ်တကျ   ကြီးကြပ်ဆောင်ရွက် ပြီး ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင် စာရင်းများဖြစ်စေရေး    အလေး အနက်ထား     ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊     ထို့အပြင် ကော်မရှင်အနေနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက    ချမှတ် ထားသည့်  ရှေ့လုပ်ငန်းစဉ် ၅ ရပ် အနက်   လုပ်ငန်းစဉ် (၅)နှင့်အညီ ရွေးကောက်ပွဲ         အောင်မြင်စွာ ကျင်းပပေးနိုင်ရေး    အဆင်သင့် ဖြစ်နေစေရန်    ပြင်ဆင်ဆောင် ရွက်ထားရမည်ဖြစ်ကြောင်း။

 


လေ့လာပြင်ဆင်ထား


လာမည့်   ရွေးကောက်ပွဲများ ကျင်းပရာတွင် PR စနစ်ကျင့်သုံး ဆောင်ရွက်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲနှင့်     ပတ်သက်ပြီး ပြောင်းလဲကျင့်သုံးမည့်     စနစ်နှင့် အညီ  စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရေး        လေ့လာ ပြင်ဆင်ထားကြရန်   မှာကြားလို ကြောင်း၊    ရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက်    သက်ဆိုင်ရာ ဥပဒေ၊  နည်းဥပဒေများ  ပြဋ္ဌာန်း ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေ သကဲ့သို့           ဝန်ထမ်းအင်အား ဖြည့်တင်းခြင်း၊         ဝန်ထမ်းများ စွမ်းဆောင်ရည်   မြင့်မားစေရန် သင်တန်းများ  ပို့ချခြင်း၊  မဲရုံများ တွက်ချက်ပြင်ဆင်ခြင်း၊   မဲရုံသုံး ပစ္စည်းများ တွက်ချက်ဆောင်ရွက် ခြင်း     စသည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မတိုင်မီ          အကြိုကာလ၌ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို     ကြိုတင် မျှော်တွေး၍ ပြင်ဆင်ဆောင်ရွက် ထားမှသာ ရွေးကောက်ပွဲကာလ တွင် ရွေးကောက်ပွဲလုပ်ငန်းများကို အဆင်ပြေပြေ  ချောချောမွေ့မွေ့ ဖြင့်     ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။ 

 


ညှိနှိုင်းဆောင်ရွက်


သို့ဖြစ်၍           ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို နှံ့နှံ့စပ်စပ်       လေ့လာကြရန်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တိုင်း၌ အမှားအယွင်း         မရှိစေရေး ဂရုတစိုက်   အလေးအနက်ထား ဆောင်ရွက်ကြရန်၊ ရွေး‌ကောက်ပွဲ လုပ်ငန်းစဉ်တိုင်းသည်    အချိန် ကာလသတ်မှတ်ချက်နှင့်‌ ဆောင် ရွက်   ရခြင်းဖြစ်သည့်အတွက် လုပ်ငန်းစဉ်တိုင်း      အဆင်ပြေ ချောမွေ့စေရေး ကြိုတင်ပြင်ဆင်‌ ဆောင်ရွက်ရန်        ရှိသည်များကို အချိန်မီပြီးစီးအောင် ဆောင်ရွက် ထားကြရန်နှင့်  လိုအပ်ချက်များ ရှိပါကလည်း  အထက်အောက် အချိန်နှင့်တစ်ပြေးညီ       တင်ပြ ညှိနှိုင်း  ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

 


လွတ်လပ်ပြီး        တရားမျှတ သည့် ရွေးကောက်ပွဲ၊ မှန်ကန်သည့် ရွေးကောက်ပွဲများ   ကျင်းပပေး နိုင်မှသာ ကော်မရှင်၏ဂုဏ်သိက္ခာ၊ နိုင်ငံ၏ဂုဏ်သိက္ခာကို ဖော်ဆောင် ပေးနိုင်မည်ဖြစ်ကြောင်း၊   ပြီးခဲ့ သည့်၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကို  သင်ခန်းစာယူပြီး မဲဆန္ဒရှင် ပြည်သူများ၏   ဆန္ဒကို  မှန်မှန် ကန်ကန်   တရားမျှတစွာဖော် ဆောင်ပေးနိုင်သည့် နိုင်ငံအတွက် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲ များဖြစ်စေရေး        အလေးထား ကြိုးစား         ဆောင်ရွက်ကြရန် ပြောကြားသည်။
သင်တန်းဆင်းပွဲသို့      ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊         ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ  တက်ရောက်ကြ ကြောင်း သိရသည်။  


 သတင်းစဉ်