
ရန်ကုန် ဇွန် ၆
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများ သို့ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် မည့် အားကစားအဖွဲ့များအားအောင်နိုင်ရေး အလံအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်က အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က အမှာ စကားပြောကြားပြီး အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးကရန်ကုန်တိုင်းဒေသကြီး ကိုယ်စား ပြု ၀င်ရောက်ယှဉ်ပြိုင်မည့် ရိုးရာ ခြင်းလုံး၊ တိုက်ကွမ်ဒို၊ ဘော်လီဘော အားကစားအဖွဲ့များ၏ ကြိုတင် ပြင်ဆင်ထားရှိမှု အခြေအနေ ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသ ကြီး အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဥပဒေချုပ်တို့က တိုင်းဒေသကြီး ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် မည့်ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒို၊ ဘော်လီဘော အားကစားအဖွဲ့ များအား အောင်နိုင်ရေးအလံ အပ်နှင်းကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲ ရိုးရာခြင်းလုံး ပြိုင်ပွဲကို နေပြည်တော်တွင် ဇွန် ၁၀ ရက်မှ ၁၃ ရက်တွင် လည်း ကောင်း၊ တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇွန် ၁၀ ရက်မှ ၁၇ ရက်တွင် လည်း ကောင်း၊ ရှမ်းပြည်နယ် တောင်ကြီး မြို့တွင် ဇွန် ၁၇ ရက်မှ ၃၀ ရက် တွင် လည်းကောင်း ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး